ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၄ ရက်

ဧရာ၀တီတိုင်း ပုသိမ်မြို့တွင် ဇန်နဝါရီလ ၁၄ရက်နေ့ နေ့လယ် ၁၂နာရီ ခန့်က စစ်ကောင်စီ၏ ခွင်ပြုချက်ဖြင့် လူအင်အား၂၀၀ခန့်က ညီနောင်မဟာမိတ် သုံးဖွဲ့ကို ကန့်ကွက်သည့် ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဆန္ဒပြပွဲကို ဧရာ၀တီအမျိုးသားရေးညွန့်ပေါင်းအဖွဲ့ မှဦးဆောင်ပြီး ယခင် စစ်ကောင်စီ ထောက်ခံပွဲများတွင် နေ့စား ဆန္ဒပြလိုက်ဖူးသူများနှင့် မြို့နယ်အချို့မှ ကားဖြင့်ခေါ်ဆောင်လာသူများ ပါ၀င်ကြောင်း မြို့ခံများထံက သိရသည်။

” သူတို့ စလှည့်ဖို့ကြေငြာထားတာ ၁၁နာရီ တဲ့ ပုသိမ်က လူနည်းနည်းလေး အရင်ထောက်ခံပွဲ ဆိုလိုက်နေကြ ရုပ်တွေပါပဲ။ ၁၂နာရီကျော်မှတစ်ခြားမြို့က ကားတွေ မြို့ထဲ၀င်လာကြမှ လူများသွားတာ ကျောင်းကုန်းမြို့နယ်က လာကြတာများတယ်”ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောသည်။

ဆန္ဒပြသူများသည် ပုသိမ်မြို့မရမ်းချို ကျောင်းတိုက်အတွင်းမှ စတင်လှည့်လည်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲနေသည့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်ခေါ် ကိုးကန့်တပ် (MNDAA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြသူများ၏ဘေးတွင် စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့် ရဲများက ဆိုင်ကယ်၊ ကားများဖြင့် လုံခြုံရေးယူပေးနေပြီး ပုသိမ်မြို့ကမ်းနားလမ်း ရူခင်းသာရင်ပြင်ရှေ့တွင် ဟောပြောပွဲပြုလုပ်ကာ စုပေါင်းဓါတ်ပုံရိုက်ပြီး ပြန်သွားကြကြောင်းမြို့ခံများထံက သိရသည်။

ပုံစာ-အမျိုးသားရေးသမားများနှင့် နေ့စားဌားရမ်းထားသူများ ပုသိမ်တွင် လှည့်လည်ဆန္ဒပြနေစဉ်
ပုသိမ်မြို့ #အမျိုးသားရေးသမားများ #နေ့စားဌားရမ်းထားသူများ #ညီနောင်မဟာမိတ်၃ဖွဲ့ #ကန့်ကွက်ဆန္ဒပြ #Ayeyarwaddy_Times