
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၃ ရက်
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ အရပ်သားတွေအပေါ် ဗုံးကြဲတိုက်ခိုက်မှုတွေ မြင့် တက်လာတာကို လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ဇန်နဝါရီလ ၁၂ ရက်မှာ ရှုတ်ချခဲ့ပြီး မြန်မာစစ် တပ်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေပြုလုပ်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တောင်းဆိုလိုက်ပါတယ်။
“စစ်ကောင်စီရဲ့ တရားမဝင် လေကြောင်းတိုက်ခိုက်မှုတွေ တိုးလာတာဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေ ဆိုးရွားလာတာရဲ့ နမူနာဖြစ်ပါတယ်” လို့ ဗန်ကောက်မြို့ တော်မှာကျင်းပတဲ့ HRW ရဲ့ ၂၀၂၄ ခုနှစ် အစီရင်ခံစာရှင်းလင်းပွဲမှာ HRW ရဲ့ အာရှဆိုင်ရာ ညွှန်ကြားရေးမှူး အယ် လိန်းပီးယားဆင်က ပြောပါတယ်။
စစ်ကောင်စီဟာ တိုင်းရင်းသားကျေးရွာတွေ သို့မဟုတ် စစ်ကောင်စီကိုဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေအပြင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ မတရားဖမ်းဆီးမှုတွေ၊ နှိပ်စက်မှုနဲ့ အခြား အကြမ်းဖက်မှုပုံစံတွေ အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ HRW က ပြော ပါတယ်။
၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးရှိ ကျေးရွာတစ်ရွာအပေါ် စစ်ကောင်စီက ပြင်းအားမြင့် ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့ရာ လူ ၁၆၀ ဉီးကျော် သေဆုံးခဲ့တယ်လို့ HRW က ပြောပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီအတွက် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်တဲ့ ပြီးခဲ့တဲ့လတွေအတွင်း မြန်မာစစ်တပ်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကို ရပ်တန့်ဖို့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ပိုမို အားထားလာရပါတယ်။
“အစိုးရတွေက မြန်မာစစ်တပ်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ပြီး လုံခြုံရေးကောင်စီက မြန်မာနိုင်ငံ အပေါ် လက်နက်တင်သွင်းမှု ပိတ်ပင်ကာ မြန်မာ့အရေးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်း ပေးသင့်တယ်လို့ ပီးယားဆင်က ပြောပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာအာဏာပိုင်တွေအပေါ် အရေးယူမှု အစီအမံတွေကို မြန်မာစစ် တပ်ရဲ့ အဓိက ထောက်ခံသူတွေဖြစ်ပြီး ဗီတိုအာဏာရှိတဲ့ ရုရှားနဲ့တရုတ်က ဟန့်တားခဲ့ပါတယ်။
အမေရိကန်နဲ့ ဉရောပသမဂ္ဂတို့က မြန်မာစစ်တပ်နဲ့ အဓိကကုမ္ပဏီတွေကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ မှုတွေပြုလုပ်ဖို့ အတည်ပြုခဲ့ပေမယ့် မြန်မာနိုင်ငံသို့ စစ်လက်နက်တွေစီးဆင်းမှု ပိတ်ပင်မယ့် အစီအမံတွေ တိုးမြှင့် လုပ်ဆောင်ဖို့ HRW က တိုက်တွန်းလိုက်ပါတယ်။
အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှာ ဆယ်စုနှစ်တစ်ခုကြာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အဆုံးသတ် ခဲ့ပြီး ရွေးကောက်ခံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ထိန်းသိမ်းခံခဲ့ရပါတယ်။
ကိုးကား – La Prensa Latina
Ref; HRW urges UN to sanction Myanmar military for civilian bombings