ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၃ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကို ဇန်နဝါရီလအတွင်းစစ်ကောင်စီ တပ်သားတစ်ဦး လာရောက်ချိတ်ဆက်ပြီး အလင်း၀င်ခဲ့ကြောင်း ပကဖ တာ၀န်ရှိသူထံမှသိရသည်။

“သူကပုသိမ်ဇာတိ လက်ရှိခမရ(၉) လေ့ကျင်ရေး၉ သထုံမှာ အကြမ်းဖက်စစ်ကောင်စီလက်အောက် တပ်ရင်းတစ်ခုမှာတာ၀န်ထမ်းဆောင်နေသူတစ်ဦးဖြစ်တယ်”ဟု ပုသိမ်မြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ခံကိုစစ်ရန်ရှင်းက ဧရာ၀တီတိုင်မ်ကိုပြောသည်။

အလင်း၀င်လာသည့် စစ်ကောင်စီတပ်သားဆိုသူမှာ ပုသိမ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သို့ အလင်း၀င်ရန် ၂၀၂၃ ဒီဇင်ဘာ၂၉ရက်နေ့တွင်စတင်ချိတ်ဆက်ခဲ့သူဖြစ်သည်။

အလင်း၀င်ရောက်ရန် လာရောက်စဥ် လမ်းခရီးပိတ်ဆို့မှုအခက်ခဲများရှိခဲ့ပြီး ယခု လုံခြုံစိတ်ချရသော နေရာကို ရောက်ရှိပြီဖြစ်သောကြောင့်သတင်းထုတ်ပြန်ခြင်းဖြစ်ပြီးအမည်အရင်းအပါအ၀င်အချက်အလက်များနှင့်ပတ်သက်၍ ကျန်ခဲ့သောမိသားစု၀င်များ၏ လုံခြုံရေးအရမဖော်ပြခြင်းဖြစ်ကြောင်း ပကဖ တာ၀န်ခံကပြောသည်။

အလင်း၀င်ရောက်လာသူစစ်ကောင်စီတပ်သားကို ပုသိမ်မြို့နယ်ပကဖမှ ဂုဏ်ပြုဆုငွေ သုံးသိန်းခွဲ ပေးအပ်ခဲ့ပြီး လက်ရှိတွင် CDMနှင့် သက်ဆိုင်သောကိစ္စများနှင့် စားသောက်ရေးကိုတာ၀န်ယူပေးထားကြောင်းသတင်းထုတ်ပြန်ထားသည်။

ပုသိမ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့၀င်များ CDMပြုလုပ်ခြင်းများကိုချိတ်ဆက်ကူညီပေးခဲ့ပြီး တစ်နှစ်အတွင်း စစ်ကောင်စီတပ်သားနှင့် ရဲတပ်ဖွဲ့၀င်စုစုပေါင်း ရှစ်ဦးအထိရှိပြီဖြစ်ကြောင်း သိရသည်။

#ပုသိမ်မြို့နယ် #ပြည်သူ့ကာကွယ်ရေးအဖွဲ့ #စစ်ကောင်စီ #တပ်သားတစ်ဦးအလင်း၀င်
#Ayeyarwaddy_Times