ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၃ ရက်

မြောက်ကိုရီးယားနိုင်ငံဟာ နည်းဗျူဟာမြောက် နျူကလီးယားလက်နက်တွေ သယ်ဆောင်နိုင်တဲ့ ပဲ့ထိန်း ဒုံးကျည်သစ်တွေ ရုရှားသို့ ပေးပို့နိုင်တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ရှင်ဝန်ဆစ်ခ်က ပြောပါ တယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ရုရှားသို့ စစ်လက်နက်တွေ လွှဲပြောင်းပေးမှုကြောင့် နိုင်ငံတကာရဲ့ ပြစ်တင် ရှုတ်ချမှု ခံနေရပါတယ်။ မနေ့က ဖော်ပြတဲ့ နိုင်ငံပိုင်သတင်းဌာန ယွန်ဟပ်နဲ့ အင်တာဗျူးတစ်ခုအတွင်း သူက အခု လို ပြောကြားခဲ့တာပါ။

မြောက်ကိုရီးယား အာဏာရပါတီရဲ့သတင်းစာ ရိုဒေါင်ရှင်မွန်မှာ ဖော်ပြထားတဲ့ ဓာတ်ပုံတွေကို ကိုးကား ပြီး ရှင်ဝန်ဆစ်ခ်က ပြောကြားခဲ့တာပါ။

အဆိုပါဓာတ်ပုံတွေထဲမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ ဒီသီတင်းပတ်အတွင်း ခဲယမ်း မီးကျောက်စက်ရုံတစ်ခုကို သွားရောက်တဲ့ ခရီးစဉ်တစ်ခုအတွင်း ဒုံးပစ်ယာဉ်တွေရှေ့မှာ မတ်တပ်ရပ်နေပါတယ်။

အဆိုပါရွေ့လျားဒုံးပစ်စင်တွေဟာ ၂၀၂၂ ခုနှစ် ဧပြီလအတွင်း မြောက်ကိုရီးယားက ပထမဆုံးအကြိမ် စမ်း သပ်ပစ်လွှတ်ခဲ့တဲ့ လက်နက်အမျိုး အစားသစ်တစ်မျိုးဖြစ်တဲ့ တာတိုဒုံးကျည်တွေဖြစ်တယ်လို့ ရှင်ဝန်ဆစ်ခ်က ပြောပါတယ်။

မြောက်ကိုရီးယားက အဆိုပါဒုံးကျည်အချို့ကို ရုရှားထံ ရောင်းချနိုင်တယ်လို့ သူက ဆိုပါတယ်။ ၂၀၂၃ ခု နှစ်အကုန်မှာ မြောက်ကိုရီးယားက ရုရှားသို့ ကွန်တိန်နာ ၅၀၀၀ ခန့်ရှိတဲ့ စစ်လက်နက်တွေ ထောက်ပံ့ခဲ့တယ်လို့ သူက ခန့်မှန်းလိုက်ပါတယ်။

အဆိုပါကွန်တိန်နာထဲမှာ ၁၅၂ မီလီမီတာအမြောက်ကျည် ၂ ဒသမ ၃ သန်း သို့မဟုတ် ၁၂၂ မီလီမီတာ အမြောက်ကျည် ၄၀၀၀၀၀ ဝန်းကျင် ပါရှိတယ်လို့ သူက ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ဒီလအတွင်း အခဲလောင်စာသုံး တာလတ်ပဲ့ထိန်းဒုံးကျည်တွေ၊ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တွေ စမ်းသပ်ပစ် လွှတ်နိုင်တယ်လို့ ရှင်ဝန်ဆစ်ခ်က သတိပေးပါတယ်။

ကိုးကား – NHK
Ref; S.Korean defense chief: North could sell new type of ballistic missile to Russia

#Ayeyarwaddy_Times