ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၃ ရက်

မြန်မာပဋိပက္ခကြောင့် လက်နက်ကိုင်အဖွဲ့အချို့က အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဏိပူရ်ပြည်နယ်သို့ ဝင်ရောက်ဖို့ ကြိုးပမ်းနေတာ စိုးရိမ်စရာကိစ္စတစ်ခုလို့ အိန္ဒိယစစ်တပ် အကြီးအကဲက ပြောပါတယ်။

“အိန္ဒိယ-မြန်မာနယ်စပ် အခြေအနေကြောင့် မြန်မာလက်နက်ကိုင်အဖွဲ့အချို့က မဏိပူရ်ပြည်နယ်ထဲကို ဝင်ရောက်ဖို့ ကြိုးစားနေပါတယ်” လို့ ဗိုလ်ချုပ်ကြီး မာနော့ဗ်ပန်ဒီက နယူးဒေလီမြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။

မဏိပူရ်ပြည်နယ်မှာ ပဋိပက္ခဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး ပြီးခဲ့တဲ့နှစ်အတွင်း လူမျိုးရေးပဋိပက္ခဖြစ်ပွားခဲ့တာကြောင့် လူ ၈၀ ဉီးထက်မနည်း သေဆုံးခဲ့ပြီး ထောင်နဲ့ချီ ဘေးသင့်ခဲ့ပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ် အခြေအနေက စိုးရိမ်ဖွယ်ရာတစ်ခုဖြစ်တာကြောင့် တပ်ဖွဲ့ဝင်တွေ ဖြန့်ကြက်မှုကို တိုးမြှင့်ထားတယ်လို့ သူက ဆိုပါတယ်။

မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် မြန်မာစစ်သား ၄၁၆ ဉီး အိန္ဒိယနိုင်ငံထဲကို ဝင်ရောက်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

အခုလိုပြဿနာတွေကြောင့် အိန္ဒိယ-မြန်မာနယ်စပ်မှာ ခြံစည်းရိုးခတ်ဖို့ စဉ်းစားနေပြီး လက်ရှိမှာ မဏိပူရ် ပြည်နယ်-မြန်မာနယ်စပ်မှာ ခြံစည်းရိုးခတ်နေတယ်လို့ သူက အရိပ်အမြွက်ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံကို စစ်ကောင်စီက အုပ်ချုပ်နေပြီး မြန် မာစစ်တပ်ဟာ တိုင်းပြည်တစ်ဝှမ်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ပြင်းထန်သော ခုခံတော်လှန်မှုကို ရင် ဆိုင်ခဲ့ရပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်ဖျန်ဖြေမှုနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ မြန်မာစစ်ကောင်စီကြား ပြီးခဲ့တဲ့လက အပစ်အခတ်ရပ်စဲဖို့ သဘောတူညီမှုရခဲ့တယ်လို့ တရုတ်နိုင်ငံက ပြောကြားခဲ့ပေမယ့် အောင်မြင်ပုံမပေါ်ပါဘူး။

ကိုးကား – Anadolu
Ref; Insurgent groups from Myanmar trying to enter India: Army chief

#Ayeyarwaddy_Times