မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၁၃ ရက်

စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ (NSPNC) နှင့် ကိုးကန့်တပ်မတော် (MNDAA) ၊ တအာင်းတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုအပြီးတွင် နှစ်ဖက်တပ်များ ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက်နေ့ ည ၉ နာရီမှစတင်က ချက်ခြင်း အပစ်ရပ်စဲရန် သဘောတူညီခဲ့ကြောင်း ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်ထား သည်။

တရုတ်နိုင်ငံ၏ ကြား၀င်စေ့စပ်မှုဖြင့် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့တို့ တရုတ်နိုင်ငံကူမင်းမြို့၌ ဇန်နဝါရီ ၁၀ ရက်နှင့် ၁၁ ရက်နေ့တို့တွင် ဟိုင်ဂင်သဘောတူညီမှုများကို နှစ်ရက်တာတွေ့ဆုံဆွေးနွေးခဲ့ သည်ဟုဆိုသည်။

အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် ဇန်နဝါရီ ၁၁ ရက်နေ့ ည ၉ နာရီအချိန်ခန့်မှစတင်၍ နှစ်ဖက်တပ်များ ချက်ချင်း အပစ်ရပ်စဲရေး၊ နှစ်ဖက်တပ်ဖွဲ့၀င်အချင်းချင်းကြား တွင် ပစ်ခတ်တိုက်ခိုက်မှုနှင့် ထိတွေ့မှုမရှိစေရေး၊ အကယ်၍ အငြင်းပွားဖွယ်ရာများနှင့် လိုလားချက်များ (ပစ်ခတ်မှုများ) ဖြစ်ပေါ်လာပါက တွေ့ဆုံဆွေးနွေးမှု လမ်းစဉ်ဖြင့်ဖြေရှင်းရေး စသည့်အချက်များ အပေါ် သဘောတူညီမှုများရရှိခဲ့ကြကြောင်း သိရသည်။

ယင်းသို့ သဘောတူညီမှုရရှိစေရန်အတွက် ညီနောင် မဟာမိတ်သုံးဖွဲ့မှ ရှမ်းမြောက်ရှိစစ်ကောင်စီစခန်းများ ဗျူဟာကုန်းများအား ထိုးစစ်ဆင်တိုက်ခိုက်မှုများကို စတင်မပြုလုပ်ရန် သဘောတူညီခဲ့ကြသည်။

ထို့အပြင် စစ်ကောင်စီဘက်ကလည်း ရှမ်းမြောက်ဒေသရှိ မဟာမိတ်သုံး ဖွဲ့ထိန်းချုပ်သိမ်းပိုက်ထားသည့်နေရာများအားလုံးကို လေကြောင်း၊ လက်နက် ကြီးပစ်ခတ်တိုက်ခိုက်မှု မပြုလုပ်ရန် သဘောတူညီ ခဲ့ကြကြောင်း သိရသည်။

အလားတူ နှစ်ဖက်အဖွဲ့အစည်းက တရုတ်-မြန်မာနယ် စပ်ဒေသရှိ တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံအ တွင်းရှိ တရုတ်နိုင်ငံ၏ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လုံခြုံ ရေးကို မထိခိုက်စေရန်၊ မဖျက်ဆီးကြရန် သဘောတူညီခဲ့ပြီး နှစ်ဦးနှစ်ဖက် ချက်ခြင်းအပစ်ရပ်စဲရေးဆိုင်ရာအစီအမံနှင့် အခြားကိစ္စရပ်များကို ဆက်လက်ဆွေးနွေးသွားကြရန် သဘောတူညီခဲ့ကြကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထား သည်။

စစ်ကောင်စီတပ်နှင့် မဟာမိတ်တပ်ဖွဲ့များ ရှမ်းမြောက်တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက်နေ့ ည ၉ နာရီမှ စတင်ကာအပစ်ရပ်ရန် သဘောတူညီထားသော်လည်း စစ်ကောင်စီတပ်သည် ယမန်နေ့ ဇန်နဝါရီ ၁၂ ရက်နေ့အထိ ရှမ်းမြောက်ရှိ အရပ်သား ပြည်သူများကို လေ​ကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့က ထုတ်ပြန်ထားသည်။

#ညီနောင်မဟာမိတ် #စစ်ကောင်စီ #ချက်ချင်းအပစ်ရပ် #ဆွေးနွေးသဘောတူ #Ayeyarwaddy_Times