ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၂ ရက်

မိမိတို့အနေနဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို အဆုံးမစီရင်သရွေ့ သူက လက်ရှိစစ်ပွဲကို အဆုံးသတ်မှာ မဟုတ်ဖူးလို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။

“ဖင်လန်နိုင်ငံအကြောင်း၊ ဉဇဘတ်နစ္စတန်နိုင်ငံရဲ့ လွတ်လပ်ရေးအကြောင်း ကျွန်တော်တို့ မကြာသေးမီ က ကြားခဲ့ရပါတယ်။ ကျွန်တော်တို့ ပူတင်ကို အတူတကွ အဆုံးမစီရင်သရွေ့ သူက နိဂုံးချုပ်မှာမဟုတ်ပါဘူး” လို့ ဗီလ်နီးယပ်စ်မြို့တော်မှာ လစ်သူယေးနီးယားဝန်ကြီးချုပ် ဂီတာနက်စ်နော်ဆီဒါနဲ့ အတူပြုလုပ်တဲ့ သတင်းစာရှင်း လင်းပွဲမှာ ဇီလန်စကီးက ပြောပါတယ်။

ယူကရိန်းနိုင်ငံကို မဖျက်ဆီးနိုင်သရွေ့ ပူတင်က စိတ်ကျေနပ်မှာမဟုတ်ဘဲ ယူကရိန်းနိုင်ငံ ဖြိုခွင်းခံရရင် ဘယ်သူက အန္တရာယ်ရှိတယ်ဆိုတာ သူက သိရှိကြောင်း ဇီလန်စကီးက ဆိုပါတယ်။

စိန်ခေါ်မှုတစ်ရပ်ရှိနေပြီး စစ်ပွဲဆိုတာ အပြုသဘောဆောင်တဲ့ ကြောက်မတ်ဖွယ် အဖြစ်ဆိုးတစ်ခုဖြစ်ကာ လစ်သူယေးနီးယား၊ လတ်ဗီးယား၊ အက်စတိုနီးယားနဲ့ မော်လ်ဒိုဗာတို့က ရုရှားရဲ့ ပစ်မှတ်တွေဖြစ်လာနိုင်တယ်လို့ သူက ထောက်ပြပါတယ်။

ရုရှားက ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အထူးစစ်ဆင်ရေးတစ်ရပ် ဆင်နွှဲခဲ့တဲ့ ယူကရိန်းနိုင်ငံဟာ ကိုယ့်ကို ကိုယ် ခုခံကာကွယ်ဖို့ မိတ်ဖက်နိုင်ငံတွေရဲ့ ဖိအားမရှိဘူးလို့ သူက ပြောပါတယ်။

ဇီလန်စကီးဟာ ဇန်နဝါရီလ ၁၀ အစောပိုင်းက လစ်သူယေးနီးယားနိုင်ငံသို့ မကြေညာဘဲ ရောက်ရှိလာခဲ့ ပြီး အက်စတိုနီးယားနဲ့ လတ်ဗီးယားသို့ ဆက်လက်သွားရောက်ဖို့ မျှော်မှန်းရပါတယ်။

မျှော်မှန်းသလောက် တိုးတက်မှုမရှိတဲ့ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ဆင်မှုနဲ့ အနောက်နိုင်ငံတွေရဲ့ ယူက ရိန်းသို့ ငွေကြေးပံ့ပိုးဖို့ သဘောထားကွဲလွဲမှုတွေကြောင့် ၃ နှစ်ကြာမြင့်လာပြီဖြစ်တဲ့ ယူကရိန်းပဋိပက္ခရဲ့ အနာဂတ် နဲ့ပတ်သက်လို့ မေးခွန်းတွေရှိလာပါတယ်။

ကိုးကား – Anadolu
Ref; Zelenskyy says Putin will not end Ukraine war until ‘we end him’

#Ayeyarwaddy_Times