
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၂ ရက်
မြန်မာစစ်ကောင်စီရဲ့ လက်နက်ပွဲစားတစ်ဉီးဟာ မကြာသေးမီက ဒေါ်လာ ၅၀၀၀၀၀ နဲ့အတူ စင်ကာပူမှ ထွက်ခွာစဉ် ကြေညာဖို့ပျက်ကွက်တာကြောင့် ဒဏ်ရိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
လက်နက်ပွဲစားတစ်ဉီးဖြစ်သူ အသက် ၄၁ နှစ်အရွယ် ကျော်မင်းဉီးဟာ အမေရိကန်၊ ဗြိတိန်၊ ဉရောပ သမဂ္ဂနဲ့ ကနေဒါရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းမှာ ပါဝင်သူဖြစ်ပါတယ်။
ကျော်မင်းဉီးကို မြန်မာနိုင်ငံသားနှစ်ဉီးဖြစ်တဲ့ ဝေစာထွန်း၊ ဝင်းမြင့်တို့ဟာ ဒေါ်လာ ၅၀၀၀၀၀ ကျော် မ ကြေညာဘဲ သယ်ဆောင်မှုကြောင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၅ ရက်က ချန်ဂီလေဆိပ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
သူတို့ ၃ ဉီးစလုံးကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်မှာ စွဲချက်တင်ခဲ့ပြီး ကျော်မင်းဉီးကို ဒေါ်လာ ၁၀၀၀၀ နဲ့ ကျန်နှစ်ဉီးကို ဒေါ်လာ ၅၀၀၀ စီ ဒဏ်ရိုက်ခဲ့ပါတယ်။
ကျော်မင်းဉီးဟာ လက်ရှိ အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ပွဲစားတစ်ဉီးဖြစ်တယ်လို့ ဧရာဝတီသ တင်းဌာနက ဖော်ပြပါတယ်။
ဝေစာထွန်းဟာ မြန်မာနိုင်ငံရှိ ကျော်မင်းဉီးရဲ့ ကုမ္ပဏီမှ စီးပွားရေးမိတ်ဖက်တစ်ဉီးဖြစ်တယ်လို့ ကုလသ မဂ္ဂ အထူးအစီရင်ခံစာတင်ပြသူ သောမတ်အန်ဒရူးရဲ့ အစီရင်ခံစာအရ သိရပါတယ်။
ဝင်းမြင့်ဟာ ရဟတ်ယာဉ်နဲ့ လေယာဉ်အပိုပစ္စည်း ကုန်သွယ်မှုပြုလုပ်တဲ့ ကုမ္ပဏီ ၅ ခုရဲ့ ဒါရိုက်တာတစ်ဉီး ဖြစ်ပါတယ်။ ကျော်မင်းဉီးက မြန်မာစစ်တပ်ကိုယ်စား လက်နက်ဝယ်ယူမှုတွေ ပြုလုပ်ခဲ့တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
“ကျော်မင်းဉီးဟာ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာပြည်သူတွေအပေါ် စစ်တပ်ကျူးလွန်ခဲ့တဲ့ အကြမ်း ဖက်မှုတွေ၊ ဘေးဒုက္ခတွေကနေ အမြတ်အစွန်းရရှိနေပါတယ်” လို့ အမေရိကန် အကြမ်းဖက်မှုနဲ့ ဘဏ္ဍာရေး ထောက်လှမ်းမှု လက်ထောက်ဝန်ကြီး ဘရိုင်ယန်နယ်လ်ဆင်က ပြောပါတယ်။
ကိုးကား – The Straits Times
Ref; Myanmar arms dealer among three convicted for trying to leave Singapore with half a million dollars