
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၉ ရက်
စစ်ကိုင်းတိုင်းအတွင်း စစ်ကြောင်းထိုးပြီး စစ်ကောင်စီတပ်မှ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၇ ရက် ၂၈ ရက်တို့တွင် ပြည်သူ ၂၄ ဦးကို အစုလိုက်အပြုံလိုက် ဖတ်းဆီးသတ်ဖြတ်ခဲ့ပြီး တစ်နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ဒီကနေ့ ဇူလိုင်လ ၂၉ ရက်နေ့မှာ ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု က ပြုလုပ်ကျင်းပခဲဲ့ကြသည်။
အဆိုပါ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည့် ဒေသများမှာ ကနီမြို့နယ် ဇီးပင်တွင်းရွာ အနီး တွင် ပြည်သူ ၁၂ ဦး ၊ တောင်ပေါက်ရွာအနီး ကြက်ချောင်း တောတိုက်တွင် ပြည်သူ ၁၁ ဦး ၊ ကနီမြို့တွင် ပြည်သူ ၁ ဦး စုစုပေါင်း ၂၄ ဦး အစုလိုက်အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် ဟု ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု ကပြောသည်။
ထို့ပြင် NUG ကာကွယ်ရေးအလံတော်အား အလေးပြုခြင်း၊ ခေတ်အဆက်ဆက် နှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံး ကြွေလွင့်သွားသော အာဇာနည်များကိုအလေးပြုခြင်းနှင့် စစ်အာရှင်ကျဆုံးရေးကို ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။
ဓာတ်ပုံ-ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု ပေးပို့