
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၂ ရက်
မြန်မာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အာဆီယံအလှည့်ကျဥက္ကဌ လာအိုနိုင်ငံရဲ့ အ ထူးသံတမန်နဲ့ တွေ့ဆုံခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ယမန်နေ့က ဖော်ပြပါတယ်။
၂၀၂၁ ခုနှစ်နှောင်းပိုင်းမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ သဘောတူထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာဗိုလ်ချုပ်ကြီးတွေ အကောင်အထည်ဖော်ဆောင်ရာမှာ တိုးတက်မှုမရှိတာကြောင့် စိတ်ပျက်စရာဖြစ်နေစဉ် စစ်ခေါင်းဆောင်က မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန် အလွန်ကီယိုကစ်တီခွန်ကို နေပြည်တော်မှာ တွေ့ဆုံခဲ့တာပါ။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအတွင်း ရွေးကောက်ခံအစိုးရတစ်ရပ်ထံမှ စစ်တပ်က အာဏာသိမ်းယူပြီး နောက်ပိုင်း မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ မြင့်တက်လာခဲ့တာပါ။
အာဆီယံအဖွဲ့က စစ်ကောင်စီကို အကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့နဲ့ ဘုံသဘောတူညီချက် ၅ ရပ် ဖော် ဆောင်ဖို့ ထပ်တလဲလဲ တိုက်တွန်းခဲ့ပေမယ့် အနည်းငယ်သာ သက်ရောက်မှုရှိခဲ့ပါတယ်။
ဒီမိုကရေစီနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက စစ်ကောင်စီကို ထိုးစစ်ဆင်ကာ စစ်စခန်းတွေ၊ တရုတ်နယ်စပ်က ကုန်သွယ်ရေးမြို့ကို သိမ်းယူပြီးနောက် ပြီးခဲ့တဲ့ လတွေအတွင်း အကြမ်းဖက်မှုတွေ မြင့်တက်လာခဲ့ပါတယ်။
မြန်မာဗိုလ်ချုပ်ကြီးတွေကို အာဆီယံဒေသတွင်း ထိပ်သီးဆွေးနွေးပွဲမှာ တက်ရောက်ခွင့်ပိတ်ပင်ထားပေ မယ့် အထူးကိုယ်စားလှယ်ရုံးမှတစ်ဆင့် စစ်ကောင်စီနဲ့ ဆက်ဆံရေးပြုလုပ်ပါတယ်။
ခေါင်းဆောင်နှစ်ဉီးက နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အ စိုးရရဲ့ ကြိုးပမ်းမှုတွေကို ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံပိုင် the Global New Light of Myanmar သတင်းစာက ဖော်ပြခဲ့ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ လမ်းညွှန်မြေပုံအတိုင်း အာဏာသိမ်းစစ်ကောင်စီက အာဆီယံ ဘုံ သဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်နေတယ်လို့ မင်းအောင်လှိုင်က ပြောပါတယ်။
ကိုးကား – Reuters
Ref; ASEAN special envoy meets Myanmar junta chief