
မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၁၁ ရက်
တရုတ်၏ ကြား၀င်ညှိနှိုင်းမှုဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်မှ ၉ ရက်နေ့အထိ ပြုလုပ်သည့် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်အဖွဲ့တို့၏ တတိယအကြိမ်ဆွေးနွေးပွဲ ပျက်သွားခဲ့ကြောင်း သိရသည်။
စစ်ကောင်စီက ကိုးကန့်တပ်မတော် (MNDAA)အား ကိုးကန့်အထူးဒေသ (၁) ကိုပေးမည်ဖြစ်ပြနီး ကိုးကန့်တပ်ဖွဲ့အနေနှင့် လက်နက်ချကာ ၎င်းတို့အုပ်ချုပ်မှု အောက်နေထိုင်ရန် တောင်းဆိုခဲ့သည့်အတွက် တွေ့ဆုံညှိနှိုင်းဆွေးနွေးမှု ပျက်ပြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ဆွေးနွေးမှုက ပျက်သွားတယ်။ စစ်ကောင်စီက ကိုးကန့်အထူးဒေသ (၁) ကိုပေးပြီး လက်နက်ချခိုင်းတယ်။ သူတို့ လက်အောက်မှာပဲ နေဖို့ပြောတယ်။ အဲဒီမှာ ဆွေးနွေးမှုက ပျက်သွားတယ်” ဟု MNDAA နှင့်နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်က ဧရာ၀တီ တိုင်းမ်ကို ပြောသည်။
တရုတ်နိုင်ငံ၏ ကြား၀င်စေ့စပ်ပေးမှုဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ ရက်မှ ၁၃ ရက်နေ့ထိ စစ်ကောင်စီနှင့်ညီ နောင်မဟာမိတ်တို့ တရုတ်နိုင်ငံတွင် ပထမဦးဆုံးအကြိမ် တွေ့ဆုံခဲ့ရာ ဒီဇင်ဘာလနတွင် ယာယီအပစ်ရပ်စဲရန် သဘောတူ ညီခဲ့ကြပြီး ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးမှုကို ဒီဇင် ဘာ ၂၂ မှ ၂၄ ရက်အထိ ပြုလုပ်ခဲ့ကာ စစ်အရှိန်လျော့ရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုတို့ဖြင့် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးမှုများသည်လည်း မအောင်မြင်ဘဲ စစ်ကောင် စီတပ်က ညီနောင်မဟာမိတ် တပ်များကို ခြိမ်းခြောက် ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးကောင်စီရဲ့ အတွင်းရေးမှူးကိုယ်တိုင် နယ်မြေ မအေးချမ်းအောင် လက်နက်ဆန်းတွေသုံးပြီး ဗုံးကြဲမယ်လို့ ထခြိမ်းခြောက်ကတည်းက ဆွေးနွေးပွဲက အောင်မြင်စရာကိုမရှိဘူး” ဟု ညီနောင်မဟာမိတ်အဖွဲ့ရှိ စစ်ရေး သတင်းရင်းမြစ်က ပြောသည်။
ယခုတတိယအကြိမ်ဆွေးနွေးပွဲသည်လည်း မဖြစ်နိုင်သည့် တောင်းဆိုမှုများကြောင့် ဆွေးနွေးပွဲမအောင်မြင် ဘဲ တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်သည်ဟုဆို သည်။
ညီနောင်မဟာမိတ်အဖွဲ့က စစ်ဆင်ရေးဆင်နွှဲခဲ့သည့် နှစ်လတာ ကာလအတွင်း စစ်ကောင်စီထံမှ ချင်းရွှေ ဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ ဖောင်းဆိုင်၊ မုံးကိုး၊ ကွမ်းလုံ၊ ဟိုပန်၊ နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ မိုင်းလုံ၊ မိုင်း ငေါ့၊ နမ့်ခမ်း၊ ပန်ဆိုင်း-ကြူကုတ်၊ ကွတ်ခိုင်၊ သန္နီမြို့ တို့ကို သိမ်းပိုက်ရရှိထားပြီး ကျန်ရှိနေသည့် မြို့များကိုလည်း ဆက်လက်သိမ်းပိုက်သွားမည်ဟု ညီနောင် မဟာမိတ်အဖွဲ့က ထုတ်ပြန်ထားသည်။
ပုံစာ- ကိုးကန့်တပ်မတော် (MNDAA) ၏ ထိန်းချုပ်မှုအောက် ရောက်ရှိသွားပြီဖြစ်သည့် လောက်ကိုင်မြို့(ပုံဟောင်း)
#ညီနောင်မဟာမိတ် #စစ်ကောင်စီ #တတိယအကြိမ် #ဆွေးနွေးပွဲပျက်ပြား #MNDAA #လောက်ကိုင် #Ayeyarwaddy_Times