ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၁ ရက်

ဇန်နဝါရီလ ၇ ရက်ကပြုလုပ်တဲ့ ၁၂ ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရ ရှိခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာကို ဂုဏ်ယူဝမ်းမြောက်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က သဝမ်လွှာတစ်စောင် ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

မြန်မာပြည်သူနဲ့ မြန်မာအစိုးရကိုယ်စား မကြာသေးမီက ပြုလုပ်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အထွေထွေရွေး ကောက်ပွဲမှာ Awami League ပါတီ သောင်ပြိုကမ်းပြို အနိုင်ရရှိတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်တယ်လို့ ဝန်ကြီး ချုပ် ရှိတ်ခ်ဟာစီနာထံ ပေးပို့တဲ့ သဝမ်လွှာတစ်စောင်အတွင်း စစ်ခေါင်းဆောင်က ပြောပါတယ်။

Awami League ပါတီအပေါ် အပြတ်အသတ် ထောက်ခံမှုဟာ ရှိတ်ခ်ဟာစီနာနဲ့ ပြီးခဲ့တဲ့ဆယ်စုနှစ်အ တွင်း သူ့ရဲ့ခေါင်းဆောင်မှုအပေါ် ဘင်္ဂလားဒေ့ရှ်ပြည်သူတွေရဲ့ ယုံကြည်မှုကို ထင်ဟပ်စေတယ်လို့ မင်းအောင်လှိုင် က ဆိုပါတယ်။

နှစ်ဉီးနှစ်ဖက် အကျိုးရှိစေဖို့နဲ့ လာမယ့်နှစ်တွေအတွင်း နှစ်နိုင်ငံပြည်သူတွေရဲ့ သက်မွေးဝမ်းကြောင်း အ လုပ်အကိုင်တွေ ဖွံ့ဖြိုးလာစေဖို့အတွက် ရှိယင်းစွဲ ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးနဲ့ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး ရှိတ်ခ်ဟာစီနာ၊ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ အနီးကပ် ဆက်လက် လက်တွဲဆောင်ရွက်ဖို့ မျှော်မှန်းတယ်လို့ သူက ပြောပါတယ်။

ရှိတ်ခ်ဟာစီနာ ကျန်းမာသုခရရှိပြီး ပျော်ရွှင်ချမ်းမြေ့ကာ အနာဂတ်မှာ ကြိုးပမ်းမှုတွေ အောင်မြင်စေဖို့ ဆန္ဒပြုပါကြောင်းလည်း မင်းအောင်လှိုင်က ပြောပါတယ်။

အတိုက်အခံတွေအပေါ် အကြမ်းဖက်ဖြိုခွင်းမှုနဲ့ မဲပေးသူ​ ဦးရေနည်းပါးခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲ မှာ လက်ရှိဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာက ပဉ္စမသက်တမ်းအတွက် အနိုင်ရရှိခဲ့ပါတယ်။

ကိုးကား – BBS News
Ref; Myanmar, Nepal PMs congratulate Sheikh Hasina

#Ayeyarwaddy_Times