
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၁ ရက်
တရုတ်၊ မြောက်ကိုရီးယား၊ ပါကစ္စတန်၊ ကျူးဘား၊ အီရီထရီးယား၊ အီရန်၊ နီကာရာဂွာ၊ ရုရှား၊ ဆော်ဒီအာ ရေးဘီးယား၊ တာဂျစ်ကစ္စတန်၊ တာမေ့နစ္စတန်နဲ့ မြန်မာတို့ကို ဘာသာရေးလွတ်လပ်ခွင့် ပြင်းထန်စွာ ချိုးဖောက်မှု ကြောင့် စိုးရိမ်ဖွယ်ရာတိုင်းပြည်တွေအဖြစ် အမေရိကန်နိုင်ငံက သတ်မှတ်လိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ထုတ်ပြန်ချက်တစ်ခုအတွင်း ကြေညာလိုက်ပါတယ်။
“အမေရိကန်ကွန်ဂရက်က ၁၉၉၈ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့်ကို အတည်ပြု၊ ပြဌာန်းပြီးနောက်ပိုင်း ဘာသာရေးလွတ်လပ်ခွင့် သို့မဟုတ် ယုံကြည်ခွင့်ဟာ အမေရိကန် နိုင်ငံခြားရေးမူဝါဒရဲ့ အဓိ ကရည်မှန်းချက်တစ်ခု ဖြစ်လာပါတယ်” လို့ အန်တိုနီဘလင်ကန်က ပြောပါတယ်။
အဆိုပါကတိဝကဝတ်အရ မြန်မာ၊ တရုတ်၊ ကျူးဘား၊ မြောက်ကိုရီးယား၊ အီရီထရီးယား၊ အီရန်၊ နီကာရာ ဂွာ၊ ပါကစ္စတန်၊ ရုရှား၊ ဆော်ဒီအာရေးဘီးယား၊ တာဂျစ်ကစ္စတန်နဲ့ တာမေ့နစ္စတန်တို့ကို ဘာသာရေးလွတ်လပ်ခွင့် ဆိုးရွားစွာ ချိုးဖောက်တဲ့ စိုးရိမ်ဖွယ်ရာတိုင်းပြည်တွေအဖြစ် သတ်မှတ်လိုက်တယ်လို့ သူက ဆိုပါတယ်။
“အယ်လ်ဂျီးရီးယား၊ အဇာဘိုင်ဂျန်၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ ကိုမိုရို့စ်နဲ့ ဗီယက်နမ်တို့ကို ဘာသာရေး လွတ်လပ်ခွင့် ပြင်းထန်စွာ ချိုးဖောက်မှုကြောင့် အထူးစောင့်ကြည့်စာရင်းဝင်တိုင်းပြည်တွေအဖြစ် သတ်မှတ်လိုက် ပါတယ်” လို့ သူက ပြောပါတယ်။
အယ်လ်ရှာဘတ်၊ ဘိုကိုဟာရမ်၊ ဟူသီ၊ အိုင်အက်စ်နဲ့ တာလီဘန် အပါအဝင် အဖွဲ့အစည်အချို့ကို အထူးစိုး ရိမ်ဖွယ်ရာ အဖွဲ့အစည်းတွေအဖြစ် အန်တိုနီဘလင်ကန်က ကြေညာလိုက်ပါတယ်။
အစိုးရတွေက ဘာသာရေးလူနည်းစုဝင်တွေနဲ့ ဝတ်ပြုရာနေရာတွေအပေါ် တိုက်ခိုက်တာ၊ လူမျိုးစု အ ကြမ်းဖက်မှုတွေ၊ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုကြောင့် နှစ်ရှည်ထောင်ဒဏ်ချတာတွေကို အဆုံးသတ်ရမယ်လို့ သူ က ဆိုပါတယ်။
ကမ္ဘာတစ်ဝှမ်း ဘာသာရေးလွတ်လပ်ခွင့်အတွက် စိန်ခေါ်မှုတွေဟာ ခိုင်မာစွာ အမြစ်တွယ်နေတယ်လို့ အန်တိုနီဘလင်ကန်က ထောက်ပြပါတယ်။
ကိုးကား – Times of India
Ref; US categorises China, Pakistan as ‘countries of particular concern’ over violation of religious freedom