နွေဦးမောင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၀ ရက်

စစ်ကောင်စီက ဖမ်ဆီး၍ ထွက်ပြေးနေရသည့် ပြည်ပရောက် အနုပညာရှင်များအဖွဲ့ Revolution Heroes အဖွဲ့မှ တော်လှန်ရေး အဖွဲ့ နဂါးဖြူစစ်ကြောင်း တပ်ခွဲ (၄)ထံသို့ လမ်းလျှောက်စကားပြောစက်နှစ်လုံးအားလှူဒါန်းခဲ့ကြောင်း သိရသည်။

တစ်ညတာ ဖျော်ဖြေမှုမှ ရရှိလာသည့် ငွေဖြင့် စကားပြောစက် တစ်စုံလှူဒါန်းခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးပွဲ လူမှုရေးပွဲများမှ ရရှိသည့် ငွေကြေးများကို တော်လှန်ရေးအတွက် ရည်ရွယ်လုပ်ဆောင်သွားမည် ဖြစ်ကြောင်းသိရသည်။

” အဖွဲ့က ခုမှ စတင်တည်ထောင်တာပါ။ အခု စစခြင်းပွဲမှာ အနုပညာနဲ့ဖျော်ဖြေခွင့်ရခဲ့ပြီး ရရှိငွေလေးကိုလှူဒါန်းပေးတာပါ။ စစ်အာဏာရှင်ကိုအမြစ်ပြတ်ချေမှုန်းနေတဲ့ ဘယ်အဖွဲ့အစည်းဖြစ်ဖြစ် လှူဒါန်းသွားမှာပါ။ ပထမဆုံး ထောက်ပို့လုပ်တာပါ” ဟု Revolution Heroes အဖွဲ့တာဝန်ရှိသူ ကိုဥက္ကာက ဧရာဝတီတိုင်းမ်ကိုပြောသည်။

Revolution Heroes သည် ပြည်ပရောက် အနုပညာဝါသနာတူသူများ ရည်ရွယ်ချက်တူ စိတ်သဘောထားတူ လူကြီးလူငယ်များဖြင့် စုစည်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပုံစာ- Revolution Heroes မှ လှူဒါန်းပေးသည့် စကားပြောစက်

#အနုပညာဝါသနာပါသူများ #ဖျော်ဖြေမှုပြုလုပ် #အနုပညာကြေး #စကားပြောစက်လှူဒါန်း #Ayeyarwaddy_Times