
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၀ ရက်
မြောက်ကိုရီးယားနိုင်ငံနဲ့ပတ်သက်ပြီး ရန်အလိုဆုံးတိုင်းပြည်အဖြစ် တောင်ကိုရီးယားကို သတ်မှတ်ရမယ့် အချိန်ရောက်ပြီလို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောကြားလိုက်ပါတယ်။
တောင်ကိုရီးယားနိုင်ငံက စစ်ပွဲဖြစ်အောင်နဲ့ လက်နက်တည်ဆောက်မှု အစပျိုးနေတယ်လို့ ကင်ဂျုံအန်က စွပ်စွဲခဲ့ပြီး တိုင်းပြည်ကာကွယ်ရေးနဲ့ နျူကလီးယားစစ်ပွဲ ဆင်နွှဲနိုင်ရေးအတွက် စစ်ရေးစွမ်းပကားတွေ အရှိန်မြှင့် တည်ဆောက်ဖို့ တိုက်တွန်းလိုက်ပါတယ်။
ဒီလအစောပိုင်းက ခဲယမ်းမီးကျောက် ထုတ်လုပ်ရေးစက်ရုံတွေကို သွားရောက်လည်ပတ်စဉ် သူက အခု လို မှတ်ချက်ပြုခဲ့တာလို့ နိုင်ငံပိုင်သတင်းဌာန KCNA က ဖော်ပြခဲ့ပါတယ်။
ကိုရီးယားနှစ်နိုင်ငံကြား ဆက်ဆံရေးဆိုးရွားလာတာဟာ အပြောင်းအလဲအဆင့်သစ်ကို ရောက်ရှိလာတာ ရှောင်လွှဲမရတဲ့ ပကတိအရှိတရားလို့ သူက ပြောပါတယ်။
“ကိုရီးယားကျွန်းဆွယ်မှာ စစ်အင်အားတွေ တည်ဆောက်နေတာကြောင့် စစ်ပွဲဖြစ်လာရင် ရှောင်လွှဲလို့မ ရတဲ့ အခြေအနေဖြစ်ပါတယ်” လို့ ကင်ဂျုံအန်က ဆိုပါတယ်။
ကိုရီးယားနှစ်နိုင်ငံကို ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းဖို့က မဖြစ်နိုင်ဘဲ တောင်ကိုရီးယားနိုင်ငံနဲ့ ဆက် ဆံရေးနဲ့ပတ်သက်လို့ အစိုးရက အဆုံးအဖြတ်မူဝါဒ အပြောင်းအလဲတစ်ခု ပြုလုပ်မယ်လို့ သူက ပြီးခဲ့တဲ့လအတွင်း နှစ်ကုန် ပါတီအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
ကိုးကား – Reuters
Ref; North Korea’s Kim defines South Korea as ‘most hostile state’: Media