မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၁၀ ရက်

ရှေ့တန်းတွင် စစ်ကောင်စီတပ်သားများ လက်နက်ချအညံ့ခံမှု များလာပြီးနောက် စစ်ကောင်စီက သက်စွန့်စားရိတ် တိုးမြှင့်ပေးကာ မက်လုံးပေးမှုများရှိလာကြောင်း သိရသည်။

စစ်ကောင်စီသည် အရာရှိ နှင့်စစ်သည်များကို ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာ၀န်စရိတ် (MHRA) ကို ယခု ဇန်နဝါရီလကုန်မှစ၍ တစ်သိန်းကျပ်အထိတိုး မြှင့်ပေးခဲ့ခြင်းဖြစ်သည်။

“အခုတိုးပေးတဲ့ပုံစံက လက်နက်ချတာတွေကို လက်နက်မချဘဲ အသေခံတိုက်၊ လစာတွေလည်း တိုးပေးထားတယ်ဆိုတဲ့သဘောမျိုး။ စည်းရုံးတဲ့အနေနဲ့ ပေးတယ်ဆို ပေမယ့် တစ်သိန်းနဲ့အသက်စွန့်ဖို့ကတော့ တန်သလားစဉ်းစားကြပေါ့” ဟု CDM ဗိုလ်ကြီးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါ သက်စွန့်စားရိတ်ကို ယခင်က ရှေ့တန်းထွက် ရသည့် အရာခံဗိုလ်အဆင့်မှ တပ်သားအဆင့်အထိ စစ်သည်တစ်ဦးလျှင် တစ်သောင်းထုတ်ပေးရာမှ ၂၀၂၂ ခုနှစ်တွင် သုံးသောင်းကျပ်မှ ငါးသောင်း အထိဖြစ်လာပြီး ယခု ၂၀၂၄ နှစ်အစတွင် သက်စွန့် စားရိတ်ကို တစ်သိန်းအထိ တိုးမြှင့်ပေးလာခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါတွင် စစ်ကောင်စီဘက်မှ သေဆုံးမှုနှင့် လက်နက်ချမှုများ များလာပြီး အင်အား ချိနဲ့လာသည့်အပြင် တပ်တွင်းစည်းရုံးရေးနှင့် စစ်တိုက်နိုင်ရန်ရည်ရွယ်၍ ယခုကဲ့သို့ ငွေကြေးဖြင့် မက်လုံးပေးစည်းရုံးလာခြင်း ဖြစ်ကြောင်း သိရသည်။

ပုံစာ-ရှေ့တန်းထွက်ခွာနေသည့် စစ်ကောင်စီတပ်ယာဉ်တန်း (ပုံဟောင်း)

#စစ်ကောင်စီ #အရာရှိတပ်သား #သက်စွန့်စရိတ် #၁သိန်းတိုးမြှင့် #မက်လုံးပေး #Ayeyarwaddy_Times
Boost this