
ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၁၀ ရက်
စစ်မြေပြင်ရှေ့တန်းသို့ မသွားချင်၍ သင်တန်းတက်သည်ဟုအကြောင်းပြကာ တိမ်းရှောင်နေသည့် စစ်ကောင်စီတပ်အရာရှိများ ရှေ့တန်းသို့ပို့ခံရပြီး သေဆုံး ဖမ်းဆီးခံရမှုများ ရှိကြောင်း သိရသည်။
စစ်ကောင်စီတပ်က ရှေ့တန်းသို့ပို့ဆောင်ရန် စစ်အင်အားလိုအပ်ချက်များကြောင့် သင်တန်းတက်နေသည့် သင်တန်းသားများကိုပါ ပို့ဆောင်နေရကြောင်း တပ် တွင်းသတင်းရင်းမြစ်ထံက သိရသည်။
စစ်ကောင်စီတပ်သည် လိုအပ်ပါက ရှေ့တန်းသို့ သင်တန်းသားများကို စေလွှတ် အသုံးပြုနိုင်မည့် ဖွဲ့စည်းပုံများကိုရေးဆွဲထားပြီး သင်တန်းသားများကို ရှေ့တန်းတွင် အသုံးပြုနေသည်ဟု တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။
“အရာရှိအများစုက ရှေ့တန်းမထွက်ချင်လို့ ကရင်နီနဲ့ တိုက်ပွဲတွေကတည်းက ရှောင်တိမ်းနေတာ။ အခု သင်တန်းကျောင်းက သင်တန်းသားတွေကိုပါ ရှေ့တန်း ပို့နေတော့ သူတို့ရှောင်မရတော့ဘူး” ဟု ပြင်ဦးလွင်မြို့ရှိ DSA နှင့်နီးစပ်သည့် သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်နေ့က နောင်ချိုမြို့ရှိ စစ်ကောင်စီ၏ သံဘို စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ သိမ်း ဆည်းရရှိခဲ့သည့် လက်နက်များနှင့် စစ်၀တ်စုံများကို ကြည့်ခြင်းအားဖြင့် တပ်မစုံ၊ ဌာနစုံမှအရာရှိစစ်သည်များ၏ ယူနီဖောင်းများဖြစ်သည်ကို တွေ့ရှိရသည်။
ထိုသို့ ရှေ့တန်းပို့ဆောင်ခံရသူများသည် ပြင်ဦးလွင်တွင် အုပ်ချုပ်မှုအရာရှိသင်တန်းတက် ရောက်နေသည့်သူများဖြစ်ပြီး သင်တန်းဆင်းအခမ်းအနား ပြုလုပ်ပေးခြင်းမရှိသေးဘဲ လုံခြုံရေးယူရန်ဟုဆိုကာ သံဘိုရွာစစ်စခန်းကို ပို့ဆောင်ခံလိုက်ရ ခြင်းဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီကလက်လွှတ်လိုက်ရသည့် သံဘိုရွာစစ် စခန်းသိမ်းတိုက်ပွဲတွင် ပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ တပ်ပေါင်း ၂၁ တပ်နှင့် စစ်ဆင်ရေးကွပ်ကဲ မှုဌာနချုပ်(စကခ)၊ ခြေမြန်တပ်မဌာနချုပ် (ခမရ) တို့မှ အုပ်ချုပ်မှုသင်တန်း လာတက် သည့် အရာရှိစစ်သည်များဖြစ်ကြောင်း သိရသည်။
ယင်းအပြင် အဆိုပါတိုက်ပွဲ၌ဖမ်းဆီးခံရသည့် စစ်ကြောင်းမှူး ဒုဗိုလ်မှူးကြီး သက်အောင်မှာ တိုက်ခိုက်မှုအတွေ့အကြုံမရှိသည့် သင်ကြားရေးမှဖြစ်ပြီး စခန်းသိမ်း မခံရခင် ဇန်နဝါရီ ၂ ရက်နေ့တွင်မှ ရှေ့တန်းစစ်စခန်းသို့ ကွပ်ကဲရန် ပို့လွှတ်ခံရခြင်း ဖြစ်သည်ဟုဆိုသည်။
ယခုကဲ့သို့ သင်တန်းသားများကို သင်တန်းဆင်းခွင့်မပြုဘဲ ရှေ့တန်းသို့ လုံခြုံရေးဟုဆိုကာ ပို့ဆောင်ခြင်းနှင့် လိုအပ်ပါက သင်တန်းသားများပါ စစ်မှုထမ်းရမည့် ဖွဲ့စည်းပုံကိုပါ ပြင်ဆင်လာသည့်အတွက် စစ်ကောင်စီ၏ စစ်ရေးစီမံမှုမှာ ဖရိုဖရဲဖြစ်နေကြောင်း တပ်တွင်း သတင်းရင်းမြစ်ထံက သိရသည်။
ပုံစာ-သံဘိုရွာစစ်စခန်းမှသိမ်းဆည်းရမိသည့် စစ်ကောင်စီတပ်ဝတ်စုံများ နှင့် စစ်ကြောင်း မှူး ဒုတိယဗိုလ်မှူးကြီး သက်အောင်
#ရှေ့တန်းမသွားချင် #သင်တန်းတက် #စစ်ကောင်စီတပ်အရာရှိများ #ရှေ့တန်းပို့ခံနေရ #ရှေ့တန်းစေလွှတ် #ဖွဲ့စည်းပုံရေးဆွဲ #Ayeyarwaddy_Times
Boost