ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၀ ရက်

လက်ရှိ အာဆီယံဥက္ကဌ လာအိုနိုင်ငံဟာ ဒီလနှောင်းပိုင်းမှာ လွမ်ပရာဘမ်မြို့မှာကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်မီ ဝါရင့်သံတမန်တစ်ဉီးကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ် ခန့်အပ်လိုက်ပါတယ်။

လာအို နိုင်ငံခြားရေးဝန်ကြီး ဆာလွမ်ဇေကွမ်မာဆစ်က ဒုတိယ နိုင်ငံခြားရေးဝန်ကြီးဟောင်း အလွန်ကီ ယိုကစ်တီခွန်အား မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်လိုက်ကြောင်း သံတမန်သတင်းရင်းမြစ် တစ်ခုကို ကိုးကားပြီး ထိုင်းရုပ်သံဌာန Thai PBS က တနင်္ဂနွေနေ့မှာ ဖော်ပြခဲ့ပါတယ်။

ဇန်နဝါရီလ ၁ ရက်က စတင်တာဝန်ထမ်းဆောင်တဲ့ ကစ်တီခွန်အား မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ်အဖြစ် ခန့်အပ်မှုကို လာအို နိုင်ငံခြားရေးဝန်ကြီးဌာနက အာဆီယံနိုင်ငံတွေကို အကြောင်းကြားခဲ့ပါတယ်။

လာအိုအစိုးရက အလှည့်ကျဥက္ကဌသက်တမ်းအတွင်း အရေးပါတဲ့ ပထမဆုံးသော အစည်းအဝေးဖြစ်တဲ့ ဇန်နဝါရီလ ၂၈ ရက်မှ ၂၉ ရက်အထိ လွမ်ပရာဘမ်မြို့မှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို လက်ခံကျင်းပဖို့ ပြင်ဆင်နေချိန်မှာ ကစ်တီခွန်အား မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်လိုက် တာပါ။

ကစ်တီခွန်ဟာ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တာဝန်ယူဖို့ သံတမန်အတွေ့အကြုံများစွာ ရှိသူ တစ်ဉီး ဖြစ်ပါတယ်။

ကစ်တီခွန်ဟာ ၁၉၉၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ကုလသမဂ္ဂဆိုင်ရာ လာအိုနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် နဲ့ လာအိုနိုင်ငံက ၂၀၁၆ ခုနှစ်မှာ အာဆီယံဥက္ကဌတာဝန်ယူစဉ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့ ပါတယ်။

အာဆီယံနိုင်ငံတွေကြား မြန်မာ့အရေးနဲ့ပတ်သက်လို့ သဘောထားကွဲလွဲမှုတွေ ရှိနေတာကြောင့် အထူး ကိုယ်စားလှယ်အနေနဲ့ ကစ်တီခွန်ဟာ မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်းဖို့ စိန်ခေါ်မှုများစွာ ရှိနေပါတယ်။

“ကစ်တီခွန်ဟာ အရည်အချင်းနဲ့ အတွေ့အကြုံရှိ သံတမန်တစ်ဉီးဖြစ်ပေမယ့် အာဆီယံအဖွဲ့ရဲ့ သံခင်းတ မန်ခင်းကြောင့် မြန်မာ့အရေးဖြေရှင်းနိုင်ဖို့ ကြိုးပမ်းရနိုင်ပါတယ်။ အာဆီယံအဖွဲ့ဟာ မြန်မာ့အရေးနဲ့ပတ်သက်လို့ အကွဲအပြဲဖြစ်နေပြီး မြန်မာ့အရေး ပကတိအခြေအနေကို မထင်ဟပ်စေတဲ့ ဖြေရှင်းနည်းတွေ လုပ်ဆောင်နေပါ တယ်” လို့ အငြိမ်းစား အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်လ်က X မှာ ရေးသားခဲ့ပါတယ်။

ကိုးကား – The Diplomat
Ref; ASEAN Chair Laos Appoints Special Envoy on Myanmar

#Ayeyarwaddy_Times