ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၈ ရက်

လယ်ယာမြေကို အခြားအသုံးပြု့ခွင့်မပေးထားသည့် ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီလက်ထက်တွင် ငါးမွေးမြူရေးကန်ဧကထောင်ချီတူးဖော်ထားပြီဖြစ်ကြောင်း မအူပင်ခရိုင်ရှိ ဒေသခံတစ်ဦးမှ ဧရာဝတီတိုင်းကိုပြောသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးချိန်မှ စကာ ကုန်းစျေးနှုန်းများ အဆမတန်တတ်လာခြင်းနှင့် လယ်ယာလုပ်ငန်းသုံး သွင်းအားစုများစျေးတတ်လာမှုကြောင့် လယ်သမားများသည် လယ်ယာမြေများရောင်းချနေကြသည့်အတွက် တရုတ်သူဌေးများနှင့် သူဌေးအချို့က စျေးနှိမ်ဝယ်ယူနေကြပြီး ငါးမွေးကန်းများ အမြန်တူဖော်နေကြကြောင်း ဒေသခံများထံမှသိရသည်။

“လယ်သမားတွေက တတ်လာတဲ့ကုန်းစျေးနှုန်းတွေနဲ့သွင်းအားစုတွေကြားမှာ စိုက်ပျိုးရေလုပ်နိုင်တဲ့သူသိပ်မရှိတော့ဘူး ။ ဒီတော့ တင်နေတဲ့အကြွေးတွေအတွက်အချို့ကလယ်ရောင်းပြီးဆပ်ရတာတွေရှိတယ်။ အများစုကတော့ လယ်ယာမြေရောင်းပြီး သားသမီးတွေကို နိုင်ငံခြားထွက်ဖို့ လုပ်ပေးနေကြတာတွေလည်းရှိတယ်။ ဝယ်တာကတော့ ရှမ်းတရုတ်တွေများတယ် အုပ်ချုပ်ရေးမှူးတွေက ပွဲးစားပေါ့ စျေးကလည်း အရမ်းနှိမ်တယ်”ဟု မအူပင်မြို့နယ်မှ တောင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အလုပ်ကိုင်ရှားပါးလာမှုနှင့် လယ်ယာစိုက်ပျိုးရေးသွင်းအားစုများ စျေးတတ်လာခြင်းတို့ကြောင့် လယ်ယာမြေများအား ဆက်လက်လုပ်ကိုင်နိုင်ခြင်းမရှိတော့သောလယ်သမားများအား စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှူးများမှ ပွဲးစားလုပ်ကာ သူဌေးများနှင့်ချိတ်ဆက်ပေးပြီး ငါးကန်းတူနိုင်ရေးအတွက် အခြားအသုံးပြု့ခွင့် မပေးထားသောလယ်ယာမြေများကိုပါ ငါးကန်တူဖော်နိုင်အောင် ကိုယ်တိုင်ဆောင်ရွက်ပေးနေကြောင်း သိရသည်။

“ဒီဘက်ကလယ်တွေရောင်းတာက အုပ်ချုပ်ရေးမှူးတွေကိုယ်တိုင် ပွဲစားလုပ်ကြတာ။ တစ်ဧကတစ်သိန်းပေးရတယ်။ ရောင်းတဲ့လယ်သမားက ၁၄ သိန်းဆို သူအတွက် တစ်သိန်းရပြီးသား ဟိုဘက်ကလည်းရတယ် နှစ်ဖက်ယူတာပေါ့။ လယ်သမားတွေကလည်း အကြွေးတင်နေတာတွေနဲ့ ဆက်လုပ်လို့မလွယ်လို့သာရောင်းကြရတာ၊ ပေးတဲ့ငွေပမာဏက တစ်ရာသီစာတောင်မရှိဘူး။ အရောင်းဝယ်ဖြစ်တာနဲ့ နောက်ရက်ဆို ကန်တွေတူး​ကြတော့တာပဲ “ဟု မအူပင်မြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီလက်ထက်တွင် အုပ်ချုပ်ရေးမှူးများ ရောင်းစားခဲ့သော လယ်ယာမြေများအား မူလပိုင်ရှင်းများမှ ပြန်လည်းစီစစ်ပေးရန်တောင်ဆိုမှုများရှိသော်လည်း စစ်ကောင်စီလက်အောက်ခံဌာနများမှ ပြေလည်အောင် ဖြေရှင်းပေးခြင်းမရှိပဲ နှစ်နှစ်ကျော် အထိ အချိန်ဆွဲနေကြကြောင်း ဒေသခံများထံမှသိရသည်။

စိုက်ပျိုးစရိတ်ကြီးမြင့်လာခြင်းနှင့် အလုပ်ကိုင်ရှားပါလာခြင်းများကြောင့် လယ်ယာလုပ်ငန်းကိုစွန့်ကာ ပြည်ပနိုင်ငံများသို့ သွားရောက်နေကြရပြီး နိုင်ငံခြားသို့ထွက်ခွာအလုပ်လုပ်နိုင်ရန် လယ်ယာမြေ ပုံစံ ၇ များကို ပေါင်းနှံရောင်းချမှုများ ပြုလုပ်နေကြရကြောင်း ဒေသခံများက ပြောသည်။

#လယ်ယာမြေ #အခြားအသုံးပြု့ခွင့် #ဧရာဝတီတိုင်း #မအူပင် #စစ်ကောင်စီ #Ayeyarwaddy_Times