
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၉ ရက်
ဗဟိုအစိုးရရဲ့ ပံ့ပိုးကူညီမှုနဲ့ မြန်မာနိုင်ငံမှ ဒုက္ခသည်တွေ၊ မဏိပူရ်ပြည်နယ်မှ စစ်ဘေးရှောင်တွေကို အကူ အညီဆက်ပေးမယ်လို့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် လာဒူဟိုးမားက ပြောကြားလိုက်ပါတယ်။
နယူးဒေလီမြို့တော်မှ ပြန်ရောက်လာပြီးနောက် စနေနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ သူ က အခုလို ပြောကြားခဲ့တာပါ။
“ဗဟိုအစိုးရက မြန်မာနိုင်ငံသားတွေကို ဒုက္ခသည်အဆင့်အတန်း မသတ်မှတ်နိုင်ပေမယ့် အကူအညီပေး ရာမှာ ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိပါတယ်။ ဗဟိုအစိုးရရဲ့ အကူအညီနဲ့ လူမျိုးရေးပဋိပက္ခ ကြောင့် မဏိပူရ်ပြည်နယ်ကနေ ထွက်ပြေးလာခဲ့သူတွေကိုလည်း ကြည့်ရှုစောင့်ရှောက်သွားမှာဖြစ်ပါတယ်” လို့ သူ က ဆိုပါတယ်။
မြန်မာနိုင်ငံမှ ချင်းလူမျိုးစုဝင် ၃၁၀၀၀ ကျော်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုကြောင့် မီဇို ရမ်ပြည်နယ်မှာ ခိုလှုံနေကြတယ်လို့ တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
သူက မြန်မာဒုက္ခသည်များအရေးကို ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ၊ ပြည်ထဲရေးဝန်ကြီး အေမက်ရှား၊ နိုင်ငံ ခြားရေးဝန်ကြီး အက်စ်ဂျိုင်ရှန်ကာတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ လာဒူဟိုးမားက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီအင်အားစုတွေက မြန်မာစစ်ကောင်စီကို လက်နက်ကိုင်တော်လှန်မှု ဆင်နွှဲနေ တာကြောင့် ပြည်သူတွေ အိုးအိမ်စွန့်ခွာခဲ့ရပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ချင်းပြည်နယ်မှဒုက္ခသည်တွေ မီဇိုရမ် ပြည်နယ်ထဲကို အစုလိုက်အပြုံလိုက် ဝင်ရောက်လာခဲ့ပါတယ်။
ကိုးကား – The Times of India
Ref; Will continue to provide aid to Myanmar refugees: Mizoram CM Lalduhoma