
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၉ ရက်
ဂျပန် နိုင်ငံခြားရေးဝန်ကြီး ကာမီကာဝါယိုကိုဟာ ကိယက်ဗ်မြို့တော်မှာ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ကူလီဘာနဲ့ တွေ့ဆုံကာ ဒရုန်းထောက်လှမ်းရေးစနစ် တပ်ဆင်ဖို့ ဒေါ်လာ ၃၇ သန်း ပံ့ပိုးကူညီမယ်လို့ ကတိပြု လိုက်ပါတယ်။
တနင်္ဂနွေနေ့ကပြုလုပ်တဲ့ ကိယက်ဗ်မြို့တော်မှာပြုလုပ်တဲ့ ယူကရိန်းနဲ့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးဟာ မိနစ် ၉၀ ခန့် ကြာမြင့်ခဲ့ပါတယ်။
ဂျပန်နိုင်ငံရဲ့ ပြီးခဲ့တဲ့နှစ်က ဟီရိုရှီးမားမြို့တော်မှာပြုလုပ်တဲ့ G7 ထိပ်သီးဆွေးနွေးပွဲမှာ ယူကရိန်းသမ္မတ ဇီလန်စကီးကို ဖိတ်ကြားမှုအပေါ် များစွာ အသိအမှတ်ပြုတယ်လို့ ကူလီဘာက ပြောပါတယ်။
နေတိုးအဖွဲ့ရဲ့ ရန်ပုံငွေတစ်ရပ်မှတစ်ဆင့် ယူကရိန်းနိုင်ငံအတွက် ဒေါ်လာ ၃၇ သန်း ကူညီထည့်ဝင်မယ်လို့ ကာမီကာဝါက ပြောပါတယ်။
ဆောင်းရာသီကို ဖြတ်ကျော်နိုင်ဖို့၊ အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက် ပညာရေးနဲ့ ကျန်းမာရေးအကူ အညီပေးဖို့ ဂျပန်နိုင်ငံက ယူကရိန်းသို့ ဓာတ်ငွေ့တာဘိုင်စက် ၅ လုံး ထောက်ပံ့မယ်လို့လည်း သူက ဆိုပါတယ်။
အစည်းအဝေးကျင်းပနေစဉ် လေကြောင်းစီးနင်းမှု အချက်ပေးချက်တွေ ပြုလုပ်ခဲ့တာကြောင့် ဝန်ကြီးနှစ် ဉီးရဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲကို မြေအောက်ခန်းမတစ်ခုမှာ ကျင်းပခဲ့ရပါတယ်။
ရုရှားနိုင်ငံရဲ့ ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေမှုကို ကာမီကာဝါက အပြင်းအထန် ရှုတ်ချခဲ့ပြီး ယူကရိန်းနိုင်ငံ ငြိမ်းချမ်းရေးရရှိဖို့ ဂျပန်နိုင်ငံက ဆက်လက်ပံ့ပိုးမယ်လို့ ပြောပါတယ်။
အနောက်နိုင်ငံတွေကြား ယူကရိန်းကို ပံ့ပိုးကူညီဖို့ အင်တင်တင်ဖြစ်နေကြတယ်လို့ လေ့လာသူအချို့က ထုတ်ဖော်ပြောနေကြစဉ် ကာမီကာဝါရဲ့ ယူကရိန်းခရီးစဉ် ဖြစ်လာတာပါ။
ကိုးကား – NHK
Ref; Japan Foreign Minister Kamikawa pledges $37 mil. aid for Ukraine drone detection