
မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၉ ရက်
ရှမ်းမြောက်၊ လောက်ကိုင်(ဒေသကွပ်ကဲမှုစစ်ဌာနချုပ်-ဒကစ)တွင် ညီနောင်မဟာ မိတ်တပ်ဖွဲ့ထံ လက်နက်ချ အညံ့ခံခဲ့သည့် စစ်ကောင်စီတပ်မှ တပ်မဌာနချုပ်မှူးနှစ်ဦးကို အရန်အင်အားပို့ပြီး အစားထိုးခန့်အပ်လိုက်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
တပ်မ (၅၅) နှင့် တပ်မ (၆၆) တို့မှ တပ်မမှူးနှစ်ဦးကို အရန်အင်အားသို့ပို့ဆောင်လိုက်ပြီး ၎င်းတို့နေရာကို အစားထိုးခန့်အပ်မှုများကို ယမန်နေ့ ဇန်နဝါရီ ၈ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက်နေ့က လောက်ကိုင်(ဒကစ) တွင် စစ်ကောင်စီတပ်ဘက်မှ လက်နက်ချအညံ့ခံခဲ့ သည့်ကိစ္စနှင့်ပတ်သက်ပြီး တပ်မ (၅၅) တပ်မမှူးဗိုလ် မှူးချုပ်ဇော်မျိုး၀င်းနှင့် တပ်မ (၆၆) တပ်မမှူး ဗိုလ်မှူးချုပ်၀င်းသူလင်း တို့ကို အရန်အင်အားသို့ပို့ပြီး စုံစမ်း စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း သိရသည်။
အဆိုပါဖြုတ်ချခံရသည့် တပ်မမှူးများနေရာကို တပ်မ (၅၅) တပ်မမှူးအဖြစ် ဗိုလ်မှူးကြီးအောင်စိုးမင်း (တေဇ-၂၅)နှင့် တပ်မ ၆၆ တပ်မမှူးအဖြစ် ဗိုလ်မှူးကြီး ကျော်စိုးလင်း(စတသ-၄၁)တို့ကို ပြောင်းလဲခန့်အပ်ခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ် ထံက သိရသည်။
ထို့အပြင် စစ်ကောင်စီက လောက်ကိုင်တွင် လက်နက် ချအညံ့ခံခဲ့သည့် ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်အပါအ၀င် ဗိုလ်မှူးချုပ် ငါး ဦးနှင့် ဗိုလ်မှူးကြီး သုံး ဦးတို့ကို နိုင်ငံတော်ပုန်ကုန်မှုနှင့် စုံစမ်းစစ်ဆေးနေပြီး အပြောင်းအရွှေ့များ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အလားတူ ယမန်နေ့ဇန်နဝါရီ ၈ ရက်နေ့က အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်(ရပခ)တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် လုံခြုံရေးနှင့်ဆိုင်သော ပုံနိပ်လုပ်ငန်းများ ညွှန်ကြားရေး မှူး ဗိုလ်ချုပ်ခင်မောင်တင့်တို့ကို အရန်အင်အားသို့ပို့ဆောင်ခဲ့ပြီး ရပခတိုင်းမှူးနေရာတွင် ဗိုလ်ချုပ်ဇော်မင်းလတ်ကိုအစားထိုး ခန့်အပ်ခဲ့ပြီး ကကလုံညွှန်မှူးနေရာကိုလည်း ဒုညွှန်မှူးဖြင့် အစား ထိုးခဲ့ခြင်းဖြစ်သည်ဟု စုံစမ်းသိရသည်။
ပုံစာ- လောက်ကိုင်ဒကစမှ လက်နက်ချခဲ့သည့် စစ်တပ်အရာရှိများ
#စစ်ကောင်စီ #တပ်မ၅၅# တပ်မ၆၆ #တပ်မမှူး #အရန်အင်အားပို့ #အစားထိုးခန့်အပ် #Ayeyarwaddy_Times