ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၉ ရက်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းတို့၏မိသားစုဝင်းများကို ဇာတိမွေးရပ်မြေများဖြစ်သည့် နေရပ်ကို ပြန်ပို့နေကြကြောင်း တပ်တွင်းသတင်းအရင်းမြစ်များထံက သိရသည်။

ပြင်ဦးလွင်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သည် ၎င်းတို့၏ ဇနီးဖြစ်သူ ကလေးအမေများသာမက မိသားစုဝင်များဖြစ်ကြသည့် အသက်အရွယ်ကြီးသူများကိုပါ ဧရာဝတီတိုင်းသို့ ပြန်လည်ပို့ဆောင်နေပြီး တပ်တွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက်ို အပြင်လုံးဝထွက်ခွင့်မပြု​တော့ကြောင်းသိရသည်။

“ပြင်ဦးလွင်က အရာရှိဗိုလ်တွေအချို့က ဧရာဝတီတိုင်းဘက်ကလည်းရှိတယ်။ ဒါကြောင့် အမျိုးတွေဆီကို ပြန်ပို့နေကြတာ။ တပ်ထဲမှာ စစ်ပြေးတွေကလည်းတစ်နေ့တစ်ခြားပိုများလာတယ်။ အပြင်လဲလုံးဝထွက်ခွင့်မပြုတော့ဘူး။ အခုဆိုအရာရှိတွေက မိသားစုဝင်တွေကိုနေရပ်ပြန်ပို့နေကြတာ။ ဒါပေမယ့် လူငယ်လူလတ်ပိုင်း မိသားစုတွေတော့ ပြန်မလွတ်ပါဘူး”ဟု စစ်ကောင်စီတပ်နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

နေရပ်သို့ ပြန်ပို့နေသည် ဧရာဝတီတိုင်းမှ စစ်တပ်အရာရှိများ၏ မိသားစုဝင်များကို ကျောင်းကုန်းမြို့၊ ရေကြည်မြို့၊ ကျုံပျော် စသည့်မြို့များမှ ဖြစ်ကြာင်းသိရသည်။

ထို့​ပြင် ပြင်ဦးလွင်တွင် သင်တန်းတက်ရောက်ရန်ရောက်ရှိနေသည့် စစ်ကောင်စီတပ်သားများသည်လည်း သင်တန်းများမတက်ရဘဲ ပြင်ဦးလွင်ရှိ စစ်ဆင်ရေးများနောက်သို့ လိုက်နေကြရပြီး စစ်ကောင်စီတပ်ကို စိတ်ပျက်နေကြသည် ဟု စစ်ကောင်စီတပ်နှင့် နီးစပ်သူတစ်ဦးက ဆက်လက်ပြောသည်။

လက်ရှိတွင် ပြင်ဦးလွင်မြို့နယ်အတွင်း စစ်ကောင်စီတပ်များမှ အင်အားတိုးချဲ့ကာ ခံစစ်ပြင်နေပြီး မြို့ခံများနှင့် ဒေသခံအရပ်သားပြည်သူများကိုပါပြည်သူ့စစ်ဖွဲ့ရန်အတွက် တပ်သားအဖြစ် စုဆောင်းနေကြောင်း စုံစမ်းသိရှိရသည်။

ဓာတ်ပုံ-ပြင်ဦးလွင်စစ်တက္ကသိုလ်

#ပြင်ဦးလွင် #စစ်ကောင်စီ #မိသားစုဝင် #ဇာတိမွေးရပ်မြေ #ဧရာဝတီတိုင်းပြန်ပို့ #တပ်တွင်းရှိ #စစ်ကောင်စီတပ် #အပြင်လုံးဝထွက်ခွင်မပြု
#Ayeyarwaddy_Times