
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၉ ရက်
စစ်ကောင်စီတပ်သည် လူအင်အားဖြည့်တင်ရန်အတွက် online ပေါ်မှတဆင့် လစာနှင့်အကျိုးခံစားခွင့်များကိုပြ၍ လူသစ်စုဆောင်းရန် ကြိုးပမ်းနေကြောင်း ဝါးခယ်မမြို့နယ်မှ ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်အနေဖြင့် တပ်သားသစ်ရရှိရန် နည်းလမ်းမျိုးစုံ ကြိုပမ်းနေကြပြီး online ပေါ်မှတဆင့် လစားနှင့်အကျိုးခံစားခွင့်များအား တင်ကာ စည်းရုံးနေခြင်းသာမက အမှုဆင်ဖမ်းဆီးမှုများလည်း ပြုလုပ်နေကြောင်း ဝါးခယ်မ မြို့နယ် ဒေသခံများထံက ပြောသည်။
“အလုပ်အကိုင်ရှားလာတာကို အခွင့်ကောင်းယူပြီး တပ်ထဲဝင်ရင် တပ်သားဆိုဘယ်လောက် အရာခံဆိုဘယ်လောက်ဆိုပြီးဆွယ်တယ်။ ပြီးရင် မိသာစုအတွက် ရေမီးအစုံနေရမယ် ဆေးကုသတာကအစအခမဲ့ရမယ်ဆိုပြီး လိုင်းပေါ်ကနေတဆင့် မြို့နယ် Group တွေထဲဖြန့်နေကြတယ်။ အချို့ကလည်း သူတို့တင်တဲ့ဖုန်းတွေဆက်ပြီးဆဲကြတာတောင်ရှိတယ် “ဟု ဝါးခယ်မမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီမှ နည်းလမ်းမျိုးစုံဖြင့် လူသစ်ရရှိရန် ကြိုးပမ်းနေသော်လည်း တပ်အတွင်းဝင်ရောက်မည့်သူမရှိသဖြင့် အမှုဆင်ဖမ်းခြင်းများပါ လုပ်ဆောင်နေပြီး လူသစ်ရရှိပါက တစ်ရက်အတွင်း သင်တန်းကျောင်းများသို့ ပို့ဆောင်နေကြောင်း သိရသည်။
“နည်းလမ်းသုံးပြီး လူခေါ်နေတာ ဘယ်သူမှဝင်မယ့်သူမရှိဘူး ဒီတော့ ဘယ်လိုလုပ်သလဲဆိုတော့ ညဘက်ထွက်တဲ့သူတွေဖမ်းတယ် ပြီးရင် တပ်ထဲခေါ်တယ်။ လူသစ်ရတာနဲ့ နှစ်ရက်တောင်မထားဘူး တစ်ရက်အတွင်း ကို တစ်နေရာကိုပို့တာ လူငယ်တွေကိုကျ လူငယ်အချင်းချင်းပြန်ဆွယ်ခိုင်းတယ် လူရရင် ခေါ်ပေးတဲ့သူကို ပွဲခပေးလိုက်တယ် “ဟု ဝါခယ်မမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အွန်လိုင်းမှတဆင့် မဲဆွယ်ရာတွင် ကြည်းတပ်အတွက်သာ အဓိကထားခေါ်ယူနေပြီး မိသာစုဝင်များပါ နေထိုင်ရေးအတွက်စီစဉ်ပေးမည်ဖြစ်ကာ ကျန်းမာရေးအခမဲ့ဆေးကုသခွင့်များပါဝင်သည်ဟု ပြောဆိုကာ စည်းရုံးနေကြကြောင်းသိရသည်။
#စစ်ကောင်စီ #လူအင်အားဖြည့်တင်း #အွန်လိုင်း #လူသစ်စုဆောင်းရန် #ကြိုးပမ်း
#Ayeyarwaddy_Times