
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၈ ရက်
မြောက်ကိုရီးယားစစ်တပ်က ယုံပြောင်ကျွန်းမြောက်ဘက်မှာ ကျည်အစစ်နဲ့ စစ်ရေးလေ့ကျင့်မှုတွေ ပြု လုပ်နေတယ်လို့ တောင်ကိုရီးယားနိုင်ငံပိုင် ယွန်ဟပ်သတင်းဌာနက စစ်ဘက်သတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး ဖော်ပြပါတယ်။
ပင်လယ်ဝါအတွင်းရှိ နှစ်နိုင်ငံ ပင်လယ်ရေကြောင်းနယ်နိမိတ်ဖြစ်တဲ့ မြောက်ပိုင်းကန့်သတ်မျဉ်း (NLL) တောင်ဘက်သို့ မြောက်ကိုရီးယားအမြောက်ကျည် ကျရောက်ခဲ့တာမရှိသလို လူထိခိုက်သေဆုံးတာလည်း မရှိဘူး လို့ အဆိုပါသတင်းဌာနက ဆိုပါတယ်။
စစ်ရေးလေ့ကျင့်မှုနဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ တန်ပြန်အစီအမံတွေကြောင့် နယ်စပ်ကျွန်း ယုံပြောင်ကျွန်း ဒေသခံတွေကို အိမ်တွင်းနေကြဖို့ သတိပေးခဲ့တယ်လို့ သိရပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ သောကြာနေ့နဲ့ စနေ့နေ့က နှစ်နိုင်ငံကြား ရေကြောင်းနယ်နိမိတ်တောင်ဘက် မှာရှိတဲ့ ယုံပြောင်ကျွန်းနဲ့ ဘေယောင်ကျွန်းအနီးရှိ ရေပြင်ထဲကို လက်နက်ကြီးကျည်တွေ ပစ်ခတ်ခဲ့ပါတယ်။
ကျည်အစစ်နဲ့ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုတွေက နယ်စပ်ကျွန်းတွေအပေါ် တိုက်ရိုက်မဟုတ်တဲ့ သက် ရောက်မှု မရှိခဲ့ဘူးလို့ မြောက်ကိုရီးယားနိုင်ငံက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံက နယ်စပ်အနီး ဒါဇင်နဲ့ချီတဲ့ အမြောက်ကျည်တွေ ပစ်ခတ်ခဲ့တယ်ဆိုတဲ့ တောင် ကိုရီးယားနိုင်ငံရဲ့ ပြောကြားချက်ကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ညီမဖြစ်သူက ငြင်းဆန်ခဲ့ပါ တယ်။
“မြောက်ကိုရီးယားစစ်တပ်က ရေပိုင်နက်အတွင်း အမြောက်ကျည်တစ်လုံးမှ မပစ်ခတ်ခဲ့ပါဘူး” လို့ နိုင်ငံ ပိုင် KCNA သတင်းဌာနက ဖော်ပြတဲ့ ထုတ်ပြန်ချက်တစ်ခုအတွင်း ကင်ယိုဂျောင်က ပြောပါတယ်။
မြောက်ကိုရီးယားစစ်တပ်က ဖောက်ခွဲရေးပစ္စည်းတွေကို အကြိမ်ရေ ၆၀ ကျော် ဖောက်ခွဲကာ တောင်ကို ရီးယားစစ်တပ်ရဲ့ တုံ့ပြန်မှုကို စောင့်ကြည့်ခဲ့တယ်လို့ သူက ဆိုပါတယ်။
ကင်ဂျုံအန်က ပြီးခဲ့တဲ့နှစ်အတွင်း မြောက်ကိုရီးယားနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဉပဒေမှာ နျူကလီးယားပိုင် တိုင်းပြည်တစ်ခုအဖြစ် ပြဌာန်းကာ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်အများအပြား စမ်းသပ်ပစ်လွှတ်ပြီးနောက် နှစ်နိုင် ငံကြားဆက်ဆံရေးဟာ ဆယ်စုနှစ်များစွာအတွင်း အနိမ့်ဆုံးအဆင့် ရောက်ရှိလာခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံရဲ့ နှစ်ကုန် မူဝါဒဆိုင်ရာ အစည်းအဝေးမှာ ကင်ဂျုံအန်က တောင်ကိုရီးယားကို နျူ ကလီးယားနဲ့တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့ပြီး အချိန်မရွေးဖြစ်ပွားနိုင်တဲ့ လက်နက်ကိုင်ပဋိပက္ခမတိုင်မီ တိုင်း ပြည်ရဲ့ လက်နက်ကြီးတပ်ဖွဲ့ကို အင်အားကြီးမားအောင် တည်ဆောက်ဖို့ ညွှန်ကြားခဲ့ပါတယ်။
ကိုးကား – AFP
Ref; N. Korea conducts more military drills near S. Korean border island