ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၈ ရက်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ စစ်ကောင်စီ၏ သင်းကျစ်တော်တောင်စခန်းကို ရက္ခိုင့်တပ်တော် (AA) က ယမန်နေ့ ဇန်နဝါရီ ၇ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါစခန်းအား ရက္ခိုင့်တပ်တော် (AA) က အပြီးသတ်သိမ်းပိုက် ရရှိခဲ့ခြင်းဖြစ်ကြောင်းကို ယနေ့ ဇန်နဝါရီ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

“မနေ့ညနေ ၄ နာရီကတည်းက စခန်းကိုအပြီးသိမ်း နိုင်ခဲ့တယ်။ ရန်သူ့(စစ်ကောင်စီတပ်)စစ်အသုံး အဆောင်ပစ္စည်းတွေနဲ့ လက်နက်ခဲယမ်းတွေ အများကြီးရတယ်။ ကျန်တဲ့ စခန်းတွေကိုလည်း အခုရက်ပိုင်းအတွင်း အကုန်ရ အောင်သိမ်းသွားမယ်” ဟု AA တပ်ဖွဲ့နှင့်နီးစပ်သူ ရဲဘော်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အလားတူ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမရွာရှိ တောင်ရှည်တောင် ဗျူဟာကုန်းကြီးတစ်ခုလုံးကို ဇန်နဝါရီ ၆ ရက်နေ့ ညပိုင်းက သိမ်းဆည်းနိုင်ခဲ့ပြီး စခန်း တစ်ခုလုံးရှိ စစ်ကောင်စီတပ်သား အင်အား ၂၀၀ ခန့်က လက်နက်ချအညံ့ခံခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီ၏ အခြား‌သောတပ်စခန်းများမှလည်း မဟာမိတ်အဖွဲ့ထံ လက်နက် ချအညံ့ခံရန် (သို့မဟုတ်) ပြည်သူ့ရင်ခွင်သို့၀င်ရောက်ခိုလှုံရန် ဆက်သွယ်မှုများ ရရှိ ထားကြောင်းထုတ်ပြန်ချက်အရ သိရသည်။

ရက္ခိုင့်တပ်မတော်မှ စစ်ကောင်စီ၏တပ်စခန်းများကို ချေမှုန်းတိုက်ခိုက်လျက်ရှိရာ ဇန်နဝါရီ ၇ ရက်မှစ၍ ပလက်၀အနောက်ခြမ်းရှိ စစ်ကောင်စီ၏စခန်းတိုင်းကို သိမ်းယူသွားမည်ဖြစ်ပြီး ကျန်ရှိနေသေးသည့် စခန်းအချို့ကိုလည်း ယခုရက်ပိုင်းအတွင်း အပြီး သတ် ချေမှုန်းတိုက်ခိုက်သွားမည်ဟု ဆိုသည်။

ယင်းအပြင် AA က ပလက်၀မြို့အတွင်းရှိ စစ်ကောင်စီ၏ အဓိကနှင့်အမာခံစခန်းကုန်း ကြီးများဖြစ်သည့် စကခ-၁၉၊ တပ်မ (၁၁) ရှေ့တန်းတပ်မဌာနချုပ် နှစ်ခုအပါအ၀င် မီး၀ဗျူဟာကုန်းများကို အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ပုံစာ- တောင်ရှည်တောင်နှင့် သင်းကျစ်တော်တောင်ကို AA ကသိမ်းပိုက်ရရှိစဉ်
#ရခိုင် #မြောက်ဦးစစ်ကောင်စီ #တပ်စခန်း #သင်းကျစ်တော်တောင် #AAသိမ်းပိုက် #Ayeyarwaddy_Times