ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၇ ရက်

မြောက်ကိုရီးယားနိုင်ငံဟာ သောကြာနေ့မနက်ပိုင်းက အနောက်ပိုင်း ကမ်းရိုးတန်းအလွန် ပင်လယ်ဝါအ တွင်းသို့ လက်နက်ကြီးကျည် ၂၀၀ ကျော် ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံပိုင် ဘေယောင်နဲ့ ယုံပြောင်ကျွန်းတွေရဲ့မြောက်ဘက်ရှိ ရေပိုင်နက်အတွင်း အ မြောက်ကျည်တွေ ပစ်ခတ်ခဲ့တာလို့ တောင်ကိုရီးယား ပူးတွဲစစ်ဉီးစီးချုပ်တွေက ပြောပါတယ်။

သောကြာနေ့မနက် ၉ နာရီကနေ ၁၁ နာရီအထိ အမြောက်ကျည်တွေ ပစ်ခတ်ခဲ့တာလို့ တောင်ကိုရီးယား ပူးတွဲစစ်ဉီးစီးချုပ်တွေက ပြောပါတယ်။

အမြောက်ကျည်တွေဟာ Northern Limit Line လို့ခေါ်တဲ့ နှစ်နိုင်ငံကြား ပင်လယ်ရေကြောင်း ကြားခံဇုန် အတွင်း ကျရောက်ခဲ့ပေမယ့် တောင်ကိုရီးယားဘက်ခြမ်းမှာ ထိခိုက်ပျက်စီးမှုမရှိဘူးလို့ သိရပါတယ်။

မြောက်ကိုရီးယားရဲ့ လက်နက်ကြီးကျည် ပစ်ခတ်မှုကို သင့်တော်တဲ့အစီအမံတွေနဲ့ လက်တုံ့ပြန်မယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။

ဒေသန္တရအာဏာပိုင်တွေက ယုံပြောင်ကျွန်းရှိ ဒေသခံပြည်သူတွေကို စစ်ရှောင်စခန်းတွေကို ရွှေ့ပြောင်း ကြဖို့ ညွှန်ကြားခဲ့တယ်လို့ တောင်ကိုရီးယားနိုင်ငံပိုင် ယွန်ဟပ်သတင်းဌာနက ဖော်ပြပါတယ်။

ဒေသခံတွေ ရွှေ့ပြောင်းကြဖို့အမိန့်ကို သောကြာနေ့ နေ့လည်ပိုင်းမှာ ထုတ်ပြန်ခဲ့တယ်လို့ ယွန်ဟပ်သ တင်းဌာနက ဆိုပါတယ်။

ကိုးကား – NHK
Ref; N.Korea fired over 200 artillery shells into Yellow Sea, S.Korea’s military says

#Ayeyarwaddy_Times