ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၇ ရက်

မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်အတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) တွေမှာ ပါဝင်တဲ့ သံသယရှိသူ ၄၁၀၀၀ ကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံဟာ တရုတ်ပြည်သူတွေထံမှ အမေရိကန်ဒေါ်လာ ဘီလီယံချီ လိမ်လည်တဲ့ ကျားဖြန့်လုပ်ငန်း တွေကို ဆက်လက် နှိမ်နင်းနေပါတယ်။

တရုတ်ရဲတပ်ဖွဲ့က နိုဝင်ဘာလအတွင်း အစီရင်ခံစာတစ်ခု ထုတ်ပြန်ခဲ့ပြီးနောက် မြန်မာနိုင်ငံမှ လွှဲပြောင်း ပေးတဲ့ သံသယရှိသူအရေအတွက်ဟာ ၁၀၀၀၀ များလာခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံဌာန CCTV က ဖော်ပြပါတယ်။

သီးခြားအနေနဲ့ တရုတ်နိုင်ငံဟာ ငွေကြေးခဝါချမှုနဲ့ တရားမဝင် ရွှေ့ပြောင်းသွားလာမှု အပါအဝင် နယ်စပ် ဖြတ်ကျော် တရားမဝင် စီးပွားရေးလုပ်ငန်းတွေကို နှိမ်နင်းရာမှာ သံသယရှိသူ ၇၉၀၀၀ ဖမ်းဆီးခဲ့ပါတယ်။

ဆိုက်ဘာရာဇဝတ်ဂိုဏ်းတွေကို ဖြိုခွင်းမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့အညီ အောက်တိုဘာလအတွင်း မြောက် ပိုင်းမဟာမိတ်အဖွဲ့က အာဏာသိမ်းစစ်ကောင်စီကို ထိုးစစ်ဆင်မှုတစ်ရပ် ပြုလုပ်ခဲ့ပြီးနောက် ကျားဖြန့်လုပ်ကိုင်တဲ့ သံသယရှိသူတွေကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးတာ များလာခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ထိုင်းနဲ့ ဖိလစ်ပိုင် အပါအဝင် တိုင်းပြည်အချို့ရှိ အာဏာပိုင်တွေနဲ့ လက်တွဲဆောင်ရွက်ဖို့ ပြီးခဲ့တဲ့နှစ်က အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး အထူးတပ်ဖွဲ့တွေ စေလွှတ်ခဲ့ပြီး သံသယရှိသူ ၃၀၀၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ CCTV က ဖော်ပြပါတယ်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ တောင်းဆိုခဲ့ပြီး ကျားဖြန့်လုပ်ငန်းတွေကို ဆက် လက် တိုက်ခိုက်မယ်လို့ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဉီးကို ကိုးကားပြီး CCTV က ပြောပါ တယ်။

ကိုးကား – Bangkok Post
Ref; Myanmar handed over 41,000 scam suspects last year – China

#Ayeyarwaddy_Times