ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၇ ရက်

အထွေထွေရွေးကောက်ပွဲမတိုင်မီ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရထားတစ်စင်းကို သံသယဖြစ်ဖွယ်ရာ မီးရှို့တိုက် ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သောကြာနေ့ညပိုင်းက ဒါကာမြို့တော်ကို ဉီးတည်မောင်းနှင်နေတဲ့ ရထားတစ်စင်းမှာ မီးလောင်မှုဖြစ်ပွား ခဲ့ရာ ရထားတွဲအများအပြား မီးလောင်သွားခဲ့ပါတယ်။

သေဆုံးသူ ၂ ဦးက ကလေးငယ်တွေဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မီးရှို့တိုက်ခိုက်မှုဟာ တနင်္ဂနွေနေ့မှာပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲကို အဖျက်အမှောင့်လုပ်ဖို့ ရည်ရွယ်ခဲ့တာလို့ ရဲတပ်ဖွဲ့က ယူ ဆပါတယ်။

ပြီးခဲ့တဲ့နှစ်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း အတိုက်အခံပါတီ ထောက်ခံသူတွေဟာ ရဲတပ်ဖွဲ့ နဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် အတိုက်အခံပါတီတွေက အထွေထွေရွေးကောက်ပွဲကို သပိတ် မှောက်နေကြပါတယ်။

အတိုက်အခံမပါဘဲ ရွေးကောက်ပွဲကျင်းပမယ့် ဘင်္ဂလားဒေ့ရှ်အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြသူအချို့က အ ကြမ်းဖက်မှုတွေ ပြုလုပ်လာကာ ဘတ်စ်ကားတွေကို မီးရှို့ခဲ့ကြပါတယ်။

ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာက ဆန္ဒပြပွဲတွေကို တင်းကျပ်သော အစီအမံတွေနဲ့ တုံ့ပြန်ခဲ့ပြီး အတိုက်အခံပါ တီတွေရဲ့ အကြီးတန်းအဖွဲ့ဝင်အချို့ကို ထိန်းသိမ်းခဲ့ပါတယ်။

လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲတစ်ရပ်ဖြစ်ဖို့ ပြည်ပမှ စောင့်ကြည့်လေ့လာသူတွေ စေ လွှတ်ခဲ့ပေမယ့် လုံခြုံရေးအခြေအနေ ဆိုးရွားလာမှာကို စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ်။

ကိုးကား – NHK
Ref; Bangladesh train fire kills 4 in suspected attempt to sabotage general election

#Ayeyarwaddy_Times