
ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၆ ရက်
အင်ဒိုနီးရှားနိုင်ငံရဲ့ အဓိကကျွန်းဖြစ်တဲ့ ဂျာဗားကျွန်းမှာ ရထားနှစ်စင်း ခေါင်းချင်းဆိုင်တိုက်မိခဲ့ရာ လူ ၄ ဦး သေဆုံးခဲ့ပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
သောကြာနေ့ ဒေသစံတော်ချိန် မနက် ၆ နာရီထိုးပြီးပြီးချင်း ဘန်ဒေါင်းမြို့အနီးမှာ ရထားနှစ်စင်း မတော် တဆမှု ဖြစ်ပွားခဲ့တာလို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့နဲ့ မီးရထားလုပ်ငန်းက ပြောပါတယ်။
တာဝေးသွား ခရီးသည်တင်ရထားနဲ့ အမြန်ရထားတစ်စင်း ခေါင်းချင်းဆိုင်တိုက်မိခဲ့ရာ ရထားတွဲအများအ ပြား တိမ်းမှောက်သွားခဲ့ သို့မဟုတ် ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။ ရထားနှစ်စင်းက ခရီးသည် ၄၈၀ ဉီး တင်ဆောင် ခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူ ၄ ဦးထဲမှာ မီးရထားဝန်ထမ်းတွေလည်း ပါဝင်ပြီး ဒဏ်ရာရရှိသူ ၂၂ ဦးကို ရရှိတဲ့ဒဏ်ရာတွေ ကြောင့် ဆေးကုသပေးနေတယ်လို့ သိရပါတယ်။
လူအချို့က ရထားတွဲတွေကြား ပိတ်မိနေတယ်ဆိုတဲ့ သတင်းတွေကြောင့် ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးသ မားတွေက အပျက်အစီတွေကို ရှင်းလင်းနေပါတယ်။
အင်ဒိုနီးရှား အာဏာပိုင်တွေက ရထားနှစ်စင်း ခေါင်းချင်းဆိုင်တိုက်မိရတဲ့ အကြောင်းရင်းကို စုံစမ်းစစ် ဆေးနေပါတယ်။
လူဦးရေ သန်း ၂၇၀ ခန့်ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံအတွက် ရထားလမ်းတွေဟာ အရေးပါတဲ့ သယ်ယူပို့ဆောင် ရေးနည်းလမ်းတစ်ခု ဖြစ်ပေမယ့် မတော်တဆဖြစ်စဉ်တွေ ဖြစ်ပွားလေ့ရှိပါတယ်။
ကိုးကား – NHK
Ref; Train collision in Indonesia kills at least 4 people