ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၆ ရက်

ကွတ်ခိုင်တွင် နောက်ဆုံးကျန်ရှိနေသည့် စစ်ကောင်စီ၏ စစ်ဗျူဟာ(စဗခ)သည် ယနေ့ ဇန်နဝါရီ ၆ ရက်နေ့ နံနက်ပိုင်းက မဟာမိတ်အဖွဲ့များထံ လက်နက်ချခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်မြို့ရှိ တိုင်းလက်အောက်ခံ အခြေချစစ်ဗျူဟာ(စဗခ)သည် ယနေ့ နံနက်ပိုင်းက ညီနောင်မဟာမိတ်အဖွဲ့များထံ လက်နက်ချအညံ့ခံခဲ့‌ကြောင်း စစ်ရေးသတင်းရင်းမြစ် များထံက သိရသည်။

“ကွတ်ခိုင် စစ်ဗျူဟာ(စဗခ)အကုန် မဟာမိတ်ဆီမှာ လက်နက်ချသွားတယ်။ အဲဒါရရင် နမ့်ဖတ်ကာလည်း လှုပ်သွားပြီ” ဟု မဟာမိတ်အဖွဲ့ရှိ စစ်ရေးသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါစစ်ဗျူဟာသည် ကွတ်ခိုင်မြို့တွင် နောက်ဆုံး ကျန်ရှိနေသည့် စစ်ဗျူဟာဖြစ်ပြီး ဇန်နဝါရီ ၁ ရက်နေ့ကတည်းက မဟာမိတ်အဖွဲ့များနှင့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ဗျူဟာဖြစ်ပြီး စစ်ကောင်စီကလည်း လေကြောင်းမှ စစ်ကူဖြည့်တင်းခြင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုများလုပ်ဆောင်၍ ဆက်တိုက် ကာကွယ် တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

စစ်တိုင်းများတွင် တိုင်းမှူး၊ ဒုတိုင်းမှူး၊ တိုင်းစစ်ဦးစီး ပထမတန်း ခုနစ် ယောက်ဖြင့် ဦးစီးထားကာ စဗခ သည် တိုင်းလက်အောက်ရှိ အခြေချစစ်ဗျူဟာဖြစ်ပြီး နယ်မြေ အလိုက် စစ်ဆင်ရေးတာ၀န်ယူရသည်။

စစ်ကောင်စီက ကွတ်ခိုင် စစ်ဗျူဟာကို အပြင်း အထန်ကာကွယ်နေခဲ့ပြီး ကွတ်ခိုင်မြို့ ပြင်ရပ်ကွက်များ နှင့် မြို့တွင်းရှိရပ်ကွက်များကို လေကြောင်းအသုံးပြု၍ ဗုံးများ ကြဲချခြင်း၊ ဒရုန်းဗုံးများဖြင့် အသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီသည် ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်နေ့ကတည်းက ကွတ်ခိုင်မြို့ရှိ အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများ ဖြတ်တောက်ခဲ့ပြီး မြို့အတွင်းပိတ်မိနေသည့် ပြည်သူ များနှင့် စစ်ဘေးရှောင်များကိုလူသားဒိုင်းပြုလုပ်၍ လက်နက်ကြီးများဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ လက်နက်ချအညံ့ခံခြင်းနှင့်ပတ်သက်ပြီး မဟာမိတ်အဖွဲ့များမှ တရား၀င်ထုတ်ပြန်ထားခြင်းမရှိသေးဘဲ သိမ်းဆည်းရမိမှုနှင့်ပတ်သက်ပြီး ဧရာ၀တီတိုင်းမ်က အသေးစိတ် ဆက်လက်စုံစမ်းလျက်ရှိသည်။

ပုံစာ- ရှမ်းမြောက်တိုက်ပွဲများတွင် တွေရသည့် ညီနောင် မဟာမိတ် တပ်ဖွဲ့ဝင်များ (ပုံဟောင်း)
#ရှမ်းမြောက် #ကွတ်ခိုင် #စစ်ကောင်စီစစ်ဗျူဟာ #မဟာမိတ်တပ်ဖွဲ့ထံလက်နက်ချ #အညံ့ခံ #Ayeyarwaddy_Times