
မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၆ ရက်
လက်နက်ချအလင်း၀င်သူများနှင့် စည်ကားနေသည့် ၂၀၂၄ ခုနှစ်အစသည် ဖက်ဆစ်တပ်ခေါင်းဆောင် မင်း အောင်လှိုင်၏ နောက်ဆုံးထွက်သက်နေ့ရက်များ အတွက် နှစ်သစ်အကြိုနိဒါန်းပင်ဖြစ်ကြောင်း ညီ နောင်မဟာမိတ်သုံးဖွဲ့က ပြောသည်။
ညီနောင်မဟာမိတ်သုံးဖွဲ့က ပြောလျှင် ပြောသည့် အတိုင်းလုပ်တတ်သည့် အစုအဖွဲ့ဖြစ်ကြောင်း သိရှိ ထားကြသည့်အတိုင်း စစ်ဆင်ရေးကာလအတွင်း ၎င်း တို့အနေဖြင့် သဘောထားကြီးစွာဖြင့် လက်နက်ချအညံ့ခံသော တပ်မတော်သားများကို ကောင်းစွာကြို ဆိုလက်ခံပြီး ၎င်းတို့ဆန္ဒအတိုင်း စိတ်ကျေနပ်အောင် အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးခဲ့သည်ဟု ထုတ်ပြန် ထားသည်။
ယမန်နေ့က စစ်ဆင်ရေး ၇၁ ရက်မြောက်နေ့သည် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စိတ်အလှုပ်ရှားဆုံး နေ့တစ်ရက်ဖြစ်ခဲ့ပြီး မြန်မာ ပြည်သူ၊ ပြည်သားများအတွက် ညီနောင်မဟာ မိတ်သုံးဖွဲ့၏ အကောင်းဆုံးသော နှစ်သစ်လက်ဆောင်မွန် ဖြစ်လိမ့်မည်ဟု ယုံကြည်သည်ဟုဆို သည်။
ထို့အပြင် ညီနောင်မဟာမိတ်သုံးဖွဲ့က မိမိတို့ဇာတိမွေး ရပ်မြေဖြစ်သည့် ကိုးကန့်ကို အရောက်ပြန်မည်ဟု ကြေညာထားသည့်အတိုင်း အကောင်အထည်ဖော်ခဲ့သလို ၎င်းတို့ကတိပေးထားသည့် ၁၀၂၇ စစ်ဆင်ရေးကို တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အောင်မြင်အောင် လုပ်ဆောင်လျက်ရှိသည်ဟု ဆိုသည်။
ယမန်နေ့ ဇန်နဝါရီ ၅ ရက်နေ့က ကိုးကန့်တို့၏ ဇာတိ မြေဖြစ်သည့် လောက်ကိုင်ဒကစကို စစ်ကူပေးရန် ရောက်ရှိလာကြသည့် မြန်မာနိုင်ငံအနှံ့ရှိ တပ်မ၊ တပ်ရင်းအစုံမှ တစ်ယောက်မကျန်လက်နက်ချပြီး အရာရှိ ၂၂၈ ဦး၊ ဗိုလ်မှူးချုပ်အဆင့်ရှိသူ ၆ ဦးအပါအ၀င် စစ်ကောင်စီတပ်ဖွဲ့၀င်ပေါင်း ၁၈၉၅ ဦး လက်နက်ချအညံ့ ခံခဲ့ကြောင်း သိရသည်။
နောက်ဆက်တွဲအနေဖြင့် ပွိုင့် ၂၀၂၂ ဟု လူသိများ သော နမ်ထင်းမိန်ရှန်းမှ စစ်ကောင်စိတပ်ဖွဲ့၀င် ၂၆၆ ဦးလည်း လက်နက်ချအညံ့ခံလာခြင်းကြောင့် စုစု ပေါင်း ၂၃၈၉ ဦးလက်နက်ချ အညံ့ခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။
ယမန်နေ့ ၅ ရက်နေ့တစ်ရက်တည်းတွင်ပင် ထောင်ချီ သောတပ်ဖွဲ့၀င်များပါ၀င်သည့် ဒကစ(လောက်ကိုင်) တစ်ခုလုံးအပါအ၀င် ၎င်းပတ်၀န်းကျင်အတွင်း ရှိသမျှသော တပ်ရင်းစခန်းအားလုံးတို့မှ တစ်ယောက်မကျန် လက်နက်ချအညံ့ခံခဲ့ကြပြီး ကိုးကန့်လောက်ကိုင်တစ်ခွင်လုံးသည် စစ်ကောင်စီကင်းစင်နယ်မြေဖြစ်ခဲ့ပြီး ဤမြင်ကွင်းမှာ မြန်မာ့တပ်မတော်ဟုခေါ်သော စစ်ကောင်စီသမိုင်းတွင် စစ်အာဏာရှင်စနစ် နိဂုံးချုပ်မည့် အကြိုနေ့ရက်များပင်ဖြစ်သည်ဟု ညီနောင်သုံးဖွဲ့က ဆိုသည်။
ပုံစာ- လောက်ကိုင်ဒကစအတွင်းရှိ အလံတိုင်ဖြုတ်လဲနေသည့် ညီနောင်မဟာမိတ်တပ်ဖွဲ့
#ညီနောင်မဟာမိတ် #စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #စစ်အာဏာရှင် #နိဂုံးချုပ်နေ့ရက် #Ayeyarwaddy_Times