မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၄ ရက်

ရှမ်းမြောက်၊ လောက်ကိုင်ရှိ စစ်ကောင်စီ၏ တစ်ခုတည်းသာ ကျန်ရှိတော့သည့် ဒေသကွပ်ကဲရေးစစ်ဌာနချုပ်(ဒကစ)မှ တပ်သားအားလုံးလက်နက်ချ အညံ့ခံသည့်အတွက် လောက်ကိုင်မြို့ကို သိမ်းပိုက်နိုင် ပြီဖြစ်ကြောင်း သိရသည်။

ဒေသကွပ်ကဲရစစ်ဌာနချုပ်(ဒကစ)က အညံ့ခံသည့် အတွက် လောက်ကိုင်မြို့အတွင်းရှိ ကျန်တပ်ရင်းအားလုံး လက်နက်ချအညံ့ခံခဲ့ကြသောကြောင့် ကိုးကန့်တပ်မတော် MNDAA က လောက်ကိုင်မြို့ကို အလုံးစုံထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း မဟာမိတ်အဖွဲ့ စစ်ရေးသတင်း ရင်းမြစ်ထံက သိရသည်။

လောက်ကိုင်မြို့ရှိ တပ်ရင်းအားလုံးနီးပါးကို မဟာ မိတ် ပူးပေါင်းအဖွဲ့က ဒီဇင်ဘာ ပထမပတ်မှစတင်ကာ ထိန်းချုပ်နိုင်ခဲ့ပြီး ကျန်ရှိနေသည့် လောက်ကိုင် (ဒကစ)ကို ဒီဇင်ဘာ ၃၁ ရက်နေ့မှစတင်၍ အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့ပြီး ယနေ့ ဇန်နဝါရီ ၄ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

“ဒကစကိုရပြီ။ ကျန်တပ်ရင်းကလူတွေအကုန်လက် နက်ချတာ သူတို့လူတွေကို ကုန်ကားတွေနဲ့ပြန်ပို့ဖို့လုပ် နေတယ်။ အကုန်လက်နက်ချတာ။ လောက်ကိုင်ဒကစကို ရပါပြီ”ဟု မဟာမိတ်အဖွဲ့ရှိ စစ်ရေးသတင်းရင်း မြစ်ကဧရာ၀တီတိုင်းမ် ကို ပြောသည်။

စစ်ကောင်စီက ၎င်းတို့ ဒကစမကျရေးအတွက် လေကြောင်းပစ်ကူများသာမက ဒရုန်းဗုံးများ၊ ဓာတုအဆိပ်ငွေ့များပါအသုံးပြု၍ ကာကွယ်တိုက်ခိုက်ခဲ့ ကြောင်း ညီနောင်မဟာမိတ်အဖွဲ့၏ ထုတ်ပြန်ထားချက်အရ သိရသည်။

လက်ရှိ လောက်ကိုင်ကို သိမ်းပိုက်မှုနှင့်ပတ်သက်ပြီး MNDAA မှ တရား၀င်အသိပေးထုတ်ပြန်ခြင်းမရှိသေးဘဲ စစ်ရေး သတင်းရင်းမြစ်ထံမှ ရရှိထားသည့် ဗီဒီယိုဖိုင်အရ ဒကစအတွင်းရှိ လက်နက်တိုက်ထဲမှ လက်နက်အများ အပြားကို မဟာမိတ်အဖွဲ့က သိမ်းဆည်းရရှိထားသည် ကို တွေ့ရသည်။

#ရှမ်းမြောက် #လောက်ကိုင် #ဒကစ #စစ်ကောင်စီ #လက်နက်ချ #MNDAA #Ayeyarwaddy_Times