
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၅ ရက်
အီရန်နိုင်ငံ၊ ကာမန်မြို့ရှိ အီရန်ဗိုလ်ချုပ်ကြီး ကာဆင်းဆူလေမန်နီရဲ့ အုတ်ဂူအနီး ဗုံးပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ပွားခဲ့ရာ လူ ၁၀၃ ဦး သေဆုံးခဲ့ ပြီး ၁၄၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မီဒီယာသတင်းတွေအရ သိရပါတယ်။
ဗိုလ်ချုပ်ကြီး ဆူလေမန်နီ သေဆုံးမှု ၄ နှစ်ပြည့် အခမ်းအနားတစ်ခုအတွင်း ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ တာလို့ အီရန် တာဝန်ရှိသူတွေက ပြောပါတယ်။
သမ္မတဟောင်း ဒေါ်ရန်ထရမ့် အမိန့်ပေးခဲ့တဲ့ အမေရိကန်ရဲ့ ဒရုန်းတိုက်ခိုက်မှုတစ်ခုကြောင့် ဗိုလ်ချုပ်ကြီး ဆူလေမန်နီ ဟာ ၂၀၂၀ ပြည့်နှစ်အတွင်း သေဆုံးခဲ့ပါတယ်။
“အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ သင်္ချိုင်းကိုသွားတဲ့ လမ်းမကြီး ပေါ်မှာ ဓာတ်ငွေ့ဗုံးတွေ ပေါက်ကွဲခဲ့တာပါ” လို့ ဒေသန္တရ တာဝန်ရှိသူတစ်ဉီးကို ကိုးကားပြီး အီရန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
အီရန်၊ အမေရိကန်နဲ့ အစ္စရေးကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အခုလို ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွား ခဲ့တာပါ။ အီရန်နိုင်ငံကျောထောက်နောက်ခံပြု အကြမ်းဖက်အုပ်စုတွေက အောက်တိုဘာလနောက်ပိုင်း အီရတ်နဲ့ ဆီးရီးယားရှိ အမေရိကန် စစ်ဘက်အခြေစိုက်စခန်းတွေကို အကြိမ် ၁၀၀ ကျော် တိုက်ခိုက်ခဲ့ပါတယ်။
အီရန်က ပံ့ပိုးထားတဲ့ ယီမင်နိုင်ငံရှိ ဟူသီအဖွဲ့က ပင်လယ်နီအတွင်း ကုန်တင်သင်္ဘောတွေကို နှောင့်ယှက် ခဲ့သလို ဟက်ဇ်ဘိုလာအဖွဲ့ကလည်း အစ္စရေးမြောက်ပိုင်းနယ်စပ်မှာ ဒရုန်းတိုက်ခိုက်မှုတွေနဲ့ ခြိမ်းခြောက်ခဲ့ပါ တယ်။
ကိုးကား – Fox News
Ref; Iranian media report at least 103 killed, 141 injured in explosions near grave of General Qassem Soleimani