မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၅ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဟိုပန်မြို့ရှိ အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ)အပါအ၀င် ဟိုပန်မြို့အတွင်းရှိ စစ်ကောင်စီတပ်များအားလုံးကို ကိုးကန့်တပ်မတော် (MNDAA) ကသိမ်းပိုက်လိုက်ပြီး မြို့ကိုထိန်းချုပ်ရန်ကြိုးပမ်းနေကြောင်း သိရသည်။

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့သည် ယနေ့ ဇန်နဝါရီ ၅ ရက်နေ့ နံနက် ၃ နာရီခန့်က ဟိုပန်မြို့အတွင်းသို့ဝင်ရောက်လာပြီး မြို့တွင်းရှိ ရဲစခန်း၊ ထွေအုပ်ရုံးနှင့် စစ် ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

အဆိုပါသိမ်းဆည်းထားသည့် နေရာများကို မဟာ မိတ်သုံးဖွဲ့ကစောင့်ကြပ် ကင်းလှည့်လျက်ရှိပြီး ယခု လက်ရှိတွင် စစ်ကောင်စီ၏ ခလရ-၁၄၅ တပ်ဘက်သို့ ဆက်လက်ချီတက်လျက်ရှိကြောင်း သိရသည်။

“ဟိုပန်ကို မနက် ၃ နာရီလောက်ကတည်းက MNDAA တပ်တွေ၀င်လာပြီး နာရီပိုင်းအတွင်း ရဲစခန်းကို သိမ်း လိုက်နိုင်တာ။ အခုထိတော့ မြို့ကတိတ်ဆိတ်နေတယ်။ သိမ်းထားတဲ့နေရာတွေကို မဟာမိတ်တပ်တွေ လုံခြုံရေးယူပေးထားတယ်”ဟု ဟိုပန်မြို့ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ယခု မဟာမိတ်အဖွဲ့များ ထိန်းချုပ်ရန် ကြိုးပမ်း‌နေ သည့် ဟိုပန်မြို့သည် ချင်းရွှေဟော်နှင့် ကွမ်လုံမြို့တို့ နှင့်ထိစပ်နေကာ အဆိုပါမြို့နှစ်မြို့သည်လည်း မဟာ မိတ်အဖွဲ့များက ထိန်းချုပ်ထားသည့်မြို့များဖြစ်ပြီး ဟိုပန်မြို့အတွင်း ၎င်းဒေသများမှ Non CDM ၀န်ထမ်းများ လာရောက်တိမ်းရှောင်နေသူများလည်း ရှိ သည်။

ယခုလက်ရှိတွင် ဟိုပန်မြို့အတွင်းမှ သိမ်းပိုက်ထား သည့် ဆေးရုံ၊ ရဲစခန်း၊ ထွေအုပ်ရုံးနှင့် ဌာနဆိုင်ရာများ တွင် MNDAA တပ်ဖွဲ့များ လုံခြုံရေးယူထိန်းချုပ်ထားပြီး ကျန်ရှိနေသည့် ခလရ-၁၄၅ ကို ဆက်လက်တိုက်ခိုက်နေကြောင်း သိရသည်။

ပုံစာ- ဟိုပန်မြို့အတွင်း MNDAA တပ်သားများ မြို့ပေါ်သွားလာနေသည့်ပုံ
#ရှမ်းမြောက် #ဟိုပန် #မဟာမိတ်သုံးဖွဲ့ #ထိန်းချုပ်
#Ayeyarwaddy_Times