
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၅ ရက်
ရုရှားနိုင်ငံဟာ မြောက်ကိုရီးယားမှ ဝယ်ယူခဲ့တဲ့ ပဲ့ထိန်းဒုံးကျည်တွေကို ယူကရိန်းနိုင်ငံတွင်းသို့ ပစ်ခတ်ခဲ့ တယ်လို့ အမေရိကန် အကြီးတန်း တာဝန်ရှိသူတစ်ဉီးက ပြောကြားလိုက်ပါတယ်။
မနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိ သူ ဂျွန်ကာဘီက အခုလို မှတ်ချက်ပြုခဲ့တာပါ။
မြောက်ကိုရီးယားနိုင်ငံဟာ မကြာသေးမီက ရုရှားသို့ ပဲ့ထိန်းဒုံးကျည်အများအပြား ထောက်ပံ့ပေးခဲ့တာကို အမေရိကန် ထောက်လှမ်းရေးက ဖော်ထုတ်နိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။
ဒီဇင်ဘာလ ၃၀ ရက်က ယူကရိန်းနိုင်ငံတောင်ပိုင်း ဇာပိုရီဇီယာဒေသရှိ လဟာပြင်တစ်ခုမှာ မြောက်ကိုရီး ယားဒုံးကျည်တစ်စင်း ကျရောက်ခဲ့တယ်လို့ သူက ဆိုပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ အင်္ဂါနေ့က မြောက်ကိုရီးယားထုတ် ဒုံးကျည်အများအပြားကို ပစ်ခတ်ခဲ့တယ်လို့ လည်း ဂျွန်ကာဘီက ပြောပြီး ထိခိုက်ပျက်စီးမှုကို အမေရိကန်နိုင်ငံက အကဲဖြတ်နေတယ်လို့ ဆိုပါတယ်။
အပြန်အလှန်အားဖြင့် မြောက်ကိုရီးယားဟာ ရုရှားထံမှ ဂျက်တိုက်လေယာဉ်တွေ၊ မြေပြင်-ဝေဟင်ခွင်းဒုံး ကျည်တွေ၊ ပဲ့ထိန်းဒုံးကျည် ထုတ်လုပ်ရေးကိရိယာတွေ အပါအဝင် စစ်ရေးအကူအညီတွေရရှိဖို့ ကြိုးပမ်းနေတယ် လို့ အမေရိကန် တာဝန်ရှိသူတွေက ယူဆပါတယ်။
ယူကရိန်းနိုင်ငံရှိ အရပ်ဘက် အခြေခံအဆောက်အအုံတွေ၊ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ရာ မှာ ရုရှားက မြောက်ကိုရီးယားထုတ်ဒုံးကျည်တွေ ပိုမို အသုံးပြုမယ်လို့ မျှော်မှန်းရကြောင်း ဂျွန်ကာဘီက ပြောပါ တယ်။
မြောက်ကိုရီးယားရဲ့ ရုရှားသို့ ဒုံးကျည်ထောက်ပံ့မှုက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေိကို ချိုးဖောက်ရာကျတာကြောင့် အမေရိကန်နိုင်ငံက အဆိုပါကိစ္စရပ်ကို ကုလသမဂ္ဂထံ တင်ပြမယ်လို့ သူက ဆိုပါ တယ်။
ရုရှားက အီရန်နိုင်ငံမှ တာတိုပဲ့ထိန်းဒုံးကျည်တွေ ဝယ်ယူဖို့ကြိုးစားနေတဲ့ သတင်းတွေ အမေရိကန်နိုင်ငံ က ရရှိထားပြီး လက်နက်ကုန်သွယ်မှုမှာပါဝင်သူတွေကို ထပ်တိုး ဒဏ်ခတ်ပိတ်ဆို့မှုတွေပြုလုပ်မယ်လို့ သူက ပြော ပါတယ်။
ကိုးကား – NHK
Ref; White House: Russia used N.Korean missiles in attacks on Ukraine