
မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၄ ရက်
သရုပ်ဆောင်နှင့်မော်ဒယ်ဖြစ်သူ သင်ဇာ၀င့်ကျော်နှင့် နန်းမွေ့စံတို့ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ထောင်မှလွတ် မြောက်လာကြောင်း သိရသည်။
လွတ်လပ်ရေးနေ့အထိမ်းအမှတ် ယနေ့ ဇန်နဝါရီ ၄ ရက်နေ့တွင် စစ်ကောင်စီက တစ်နိုင်ငံလုံးမှ အကျဉ်း ထောင်များရှိ အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာ ခွင့်ဖြင့် လွှတ်ပေးရာ သရုပ်ဆောင်သင်ဇာ၀င့်ကျော်နှင့် နန်းမွေ့စံတို့နှစ်ဦး ပါ၀င်လွတ်မြောက်လာကြောင်း သိရသည်။
၎င်းတို့နှစ်ဦးကို စစ်ကောင်စီက မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေသည့် လိင်အသားပေးဓာတ်ပုံများ၊ ဗီဒီ ယိုများကို လူမှုကွန်ရက်တွင် အခကြေးငွေရယူပြီးဖြန့် ဝေခဲ့သည်ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ညစ်ညမ်း၀က်ဆိုဒ်များတွင် လိင်အသားပေး ဓာတ်ပုံနှင့် ဗီဒီယိုဖိုင်များကို တင်သည်ဟုဆိုပြီး အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ ဖြင့် အမှုဖွင့်ပြီး ထောင် ၇ နှစ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ထောင်မှ ပြန်လည် လွတ်မြောက်လာခြင်းဖြစ်သည်။
#သင်ဇာ၀င့်ကျော် #နန်းမွေ့စံ #အကျဉ်းထောင် #လွတ်မြောက် #Ayeyarwaddy_Times