ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၄ ရက်

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်း၊ဂုန်းတဲ​ကျေးရွာအနီးတွင်ရှိ​သော စစ်​ကောင်စီ၏ကင်းစခန်းများကို ​တော်လှန်​ရေးတပ်ဖွဲ့များမှ ဝင်​ရောက်တိုက်ခိုက်ရာ စစ်​ကောင်စီတပ်သား ၂၀ ဦး​သေဆုံး​ပြီး ကျန်သည့်တပ်ဖွဲ့ဝင်များမှ လက်လွတ်ထွက်​ပြေးသွားကြောင်းသိရသည်။

ရန်ကုန်- မန္တ​လေး လမ်း​ဟောင်း၊ ကညွတ်ကွင်းမြို့၊ ဂုံးတဲ​ကျေးရွာအနီးရှိ စစ်​ကောင်စီ၏တပ်စခန်း ၈ခုကို ယ​​နေ့ ဇန်နဝါရီလ ၄ရက်​နေ့ မနက် ၃နာရီ‌ခန့်တွင် ​တော်လှန်​ရေးပူး​ပေါင်းတပ်ဖွဲ့များနှင့် ​တော်ဝင်​ဒေါင်းစစ်​ကြောင်းတို့ပူး​ပေါင်းတိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီဘက်က ၂၀ဦး​သေဆုံးပြီး ကျန်သည့်တပ်ဖွဲ့ဝင်များ ကိုယ်လွတ်ရုန်းထွက်​ပြေးသွားကြ​ကြောင်း ​တော်ဝင်​ဒေါင်းစစ်​ကြောင်းမှ ထုတ်ပြန်ထားသည်။

ကာကင်းစခန်း ၈ ခု ဖြစ်သည့် သံလမ်းတံတားကင်း၊ စာသင်ကျောင်းကင်း၊ ဘုန်းကြီးကျောင်းကင်း၊ နတ်စင်ကင်း၊ အုတ်ဖိုကင်း၊ လင်းယောခင်ရွာကင်း၊ အောင်မင်္ဂလာ ဘုန်းကြီးကျောင်းကင်း ၊ ကညွတ်ကွင်းနှင့် တောကျွဲအင်းကြားရှိ တံတားကင်းစခန်းတို့ကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“စစ်​ကောင်စီကင်းစခန်း​တွေက ကညွတ်ကွင်းဆိုင်းဘုတ်အ​ကျော်​လေးမှာပဲရှိတာ မြို့နဲ့ နှစ်မိုင်​လောက်ပဲ​ဝေးတယ်။ မနက် သုံးနာရီ​​ကျော်လောက်ကစပြီး ပစ်ခတ်သံ​တွေကြားရတယ်။ စခန်း​တွေကိုဝင်စီးပြီးပစ်တာ” ဟု ကညွတ်ကွင်း​ ဒေသခံတစ်ဦးက​ပြောသည်။

တိုက်ပွဲဖြစ်ပွားရာ ကညွတ်ကွင်းတွင် ဖြူးမြို့နယ်နှင့်​ ကျောက်တံခါးကြားရှိ ၁၄၂ မိုင်ဟု​ခေါ်သည့် သံတံတား ကျိုးကျသွားပြီး အမျိုးသမီးတစ်ဦးလည်း ​သေဆုံး​ကြောင်း သိရသည်။

“တိုက်ပွဲ​တွေက​တော့ မြို့​တွေ​နဲ့​တော့ပိုပြီး နီးကပ်လာပြီ။ ကညွတ်ကွင်းက​တော့ ပဲခူးမြို့​ပေါ်ကတပ်​တွေနဲ့လည်း နီး​တော့ တိုက်ပြီး ဆုတ်ခွာတာမျိုးပဲလုပ်နိုင်ဦးမယ်။ ​ရေရှည် ထိန်းချုပ်တာမျိုး​တော့ မလုပ်​သေးဘူး”ဟု ​တော်လှန်​ရေးတပ်ဖွဲ့ဝင်တစ်ဦးက​ပြောသည်။

လက်ရှိတွင် လမ်းဟောင်းတံတားကျိုးကျသွားသည့်အတွက် ပိန်းဇလုတ်လမ်းခွဲ၊ ဖဒိုမြို့ မြို့ချောင်းလမ်း ဆုံမှနေ၍ အမြန်လမ်းကို အသုံးပြုနေရကြောင်း ဒေသခံများထံမှသိရသည်။

ဓာတ်ပုံ-တော်၀င်ဒေါင်းစစ်ကြောင်းအဖွဲ့၊ ကျိုးကျသွား​သောကွင်း​ချောင်းတံတား
#ပဲခူး#ကညွတ်ကွင်း #စစ်ကောင်စီတပ်စခန်း #တိုက်ခိုက်သိမ်းပိုက် #Ayeyarwaddy_Times