ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၄ ရက်

စစ်ကောင်စီက (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသား၊ အကျဉ်းသူ ၉၆၅၂ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား၊သူ ၁၁၄ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်း ခွင့်ပြုကြောင်း ယနေ့ ဇန်နဝါရီ ၄ ရက်နေ့ နံနက်ပိုင်းတွင် ထုတ်ပြန်သည်။

ယနေ့ နံနက်ပိုင်းက အကျဉ်းထောင်/အချုပ်ထောင် စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျ ခံလျက်ရှိသော အကျဉ်းသား/အကျဉ်းသူ ၉၆၅၂ ဦး ပြစ်ဒဏ်များ လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း၊ နောက်တစ်ကြိမ် ထပ်မံပြစ်မှုကျူးလွန် ပါက ယခင် ပြစ်ဒဏ်များကိုပါ တစ်ပေါင်းတည်းကျခံစေရန် ဆိုသော ခြွင်းချက်ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ အကျဉ်းထောင်/အချုပ်ထောင် အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံခြားသား အကျဉ်း သား/အကျဉ်းသူ ၁၁၄ ဦး အား ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန် ထားသည်။

ဓာတ်ပုံ- ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့တွင် အင်းစိန်ထောင်မှ လွတ်မြောက်လာပြီး YBS ကားဖြင့်တင်ဆောင်လာသည့် အကျဉ်းသားများကို တွေ့ရစဉ်။

#လွတ်လပ်ရေးနေ့ #လွတ်ငြိမ်း #အကျဉ်းထောင် #စစ်ကောင်စီ #ကြေညာချက် #Ayeyarwaddy_Times