ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၄ ရက်

မနေ့က လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့တော်မှာ အစ္စရေးရဲ့ ဒရုန်းတိုက်ခိုက်မှုတစ်ခုအတွင်း ဟားမာစ်အဖွဲ့ ရဲ့ ဒုတိယခေါင်းဆောင် ဆာလေအယ်လ်အရော်ရီ သေဆုံးခဲ့တယ်လို့ လက်ဘနွန်နဲ့ ပါလက်စတိုင်း လုံခြုံရေးသ တင်းရင်းမြစ်တွေက ပြောပါတယ်။

လွန်ခဲ့သော ၃ လနီးပါးက ဂါဇာဒေသရှိ ဟားမာစ်အဖွဲ့အပေါ် အစ္စရေးနိုင်ငံက ဝေဟင်နဲ့မြေပြင် ထိုးစစ် ဆင်မှုတွေ စတင်ပြီးနောက်ပိုင်း အသက် ၅၇ နှစ်အရွယ် ဆာလေအယ်လ်အရော်ရီဟာ လုပ်ကြံသတ်ဖြတ်ခံရတဲ့ ပ ထမဆုံးသော အကြီးတန်း ဟားမာစ်အဖွဲ့ရဲ့ နိုင်ငံရေးခေါင်းဆောင်ဖြစ်ပါတယ်။

ဆာလေ သတ်ဖြတ်ခံရမှုက ဂါဇာဒေသကိုကျော်လွန်ကာ ပျံ့နှံ့လာတဲ့ အစ္စရေး-ဟားမာစ်စစ်ပွဲကို ပိုပြီး အန္တရာယ်တွေ မြင့်တက်လာစေနိုင်ပါတယ်။

ဂါဇာဒေသမှာ စစ်ပွဲစတင်ပြီးနောက်ပိုင်း ဟားမာစ်အဖွဲ့ရဲ့ မဟာမိတ်အဖွဲ့တစ်ခုဖြစ်တဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ ဟာ လက်ဘနွန်တောင်ပိုင်းတစ်လျှောက် နေ့စဉ်လိုလို အစ္စရေးတပ်ဖွဲ့တွေနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားနေပါတယ်။

ဘေရွတ်မြို့တော်တောင်ပိုင်းရှိ ဟားမာစ်အဖွဲ့ရုံးကို ဒရုန်းတစ်စင်းနဲ့တိုက်ခိုက်တာကြောင့် ပြည်တွင်း၊ ပြည်ပအခြေစိုက် ပါလက်စတိုင်း အစ္စလာမ္မစ်လှုပ်ရှားမှု ပေါ်လစ်ဗျူရိုအဖွဲ့ဝင်၊ ဟားမာစ်အဖွဲ့ရဲ့ လက်နက်ကိုင်အဖွဲ့ အယ်လ်ကာဆမ်တပ်မဟာ ပူးတွဲထူထောင်သူ ဆာလေ သေဆုံးခဲ့တယ်လို့ လုံခြုံရေးသတင်းရင်းမြစ်တွေက ပြော ပါတယ်။

ဟားမာစ်အဖွဲ့ အကြီးတန်းခေါင်းဆောင်တွေရဲ့ အစည်းအဝေးတစ်ခုကို ဒရုန်းနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ တာကြောင့် ဟားမာစ်တပ်မှူးတွေ အပါအဝင် ၆ ဉီး သေဆုံးခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

“ဟားမာစ်အဖွဲ့ကို သုတ်သင်ဖို့ ကျွန်တော်တို့ အာရုံစိုက်လုပ်ဆောင်နေပါတယ်” လို့ ဆာလေ လုပ်ကြံခံရမှု သတင်းတွေနဲ့ပတ်သက်လို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ်ဟာဂါရီက မီဒီယာရှင်းလင်းပွဲတစ်ခုမှာ ပြောပါတယ်။

ဒရုန်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ အစ္စရေးနိုင်ငံက တာဝန်မယူဘူးလို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ရဲ့ အကြံပေးတစ်ဉီးဖြစ်သူ မတ်ခ်ရီဂတ်ဗ်က ရုပ်သံဌာနတစ်ခုနဲ့ အင်တာဗျူးတစ်ခုအတွင်း ပြောပါတယ်။

ကိုးကား – Reuters
Ref; Israeli drone kills Hamas deputy leader in Beirut

#Ayeyarwaddy_Times