ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၈ ရက်

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာစစ်ကောင်စီရဲ့ နိုင်ငံရေးအကျဉ်းသားလေးဦး ကွက်မျက်မှုကို တစ်ညီတစ်ညွတ်တည်း ရှုတ်ချလိုက်ပြီး အကြမ်းဖက်မှုအားလုံး ချက်ချင်း ရပ်တန့်ရန်နဲ့ လူ့အခွင့်အရေး၊ တရားဥပ ဒေစိုးမိုးရေးကို အပြည့်အဝ လေးစာသမှုရှိရန် တောင်းဆိုလိုက်ပါတယ်။

သေဒဏ်တွေကို ပြန်လည်စဉ်းစားဖို့ အာဆီယံနိုင်ငံတွေက မေတ္တာရပ်ခံခဲ့ပေမယ့် စစ်ကောင်စီက အကျဉ်း သားလေးဦးကို ကြိုးပေးကွက်မျက်ခဲ့တယ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံအားလုံးက အတည်ပြု ထားတဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု၊ အချုပ်အချာအာဏာ၊ နိုင်ငံရေးလွတ်လပ်မှု၊ ပိုင်နက်နယ် မြေ တည်တံ့ခိုင်မြဲမှုနဲ့ မြန်မာပြည်သူတွေရဲ့ ညီညွတ်မှုအတွက် စိတ်ပိုင်းဖြတ်ထားမှုကို အပြည့်အဝ ထောက်ခံ တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

စစ်ကောင်စီရဲ့ အကျဉ်းသားလေးဦးကို ကြိုးပေးကွက်မျက်မှုက ပြစ်တင်ရှုတ်ချထိုက်ပြီး စစ်တပ်နဲ့ အ တိုက်အခံတွေကြား ဆွေးနွေးမှုချောမွေ့စေဖို့ ကြိုးပမ်းမှုတွေအတွက် ပြဿနာတစ်ခုဖြစ်တယ်လို့ အာဆီယံက ဒီ သီတင်းပတ်အတွင်း ရှုတ်ချခဲ့ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အာဆီယံ ဘုံသဘောတူညီချက်ငါးရပ် ထိထိရောက်ရောက် အပြည့်အ ဝ အကောင်အထည်ဖော်ဆောင်ဖို့ ခိုင်လုံတဲ့ အရေးယူမှုတွေ လုပ်ဆောင်ဖို့ အာဆီယံရဲ့တောင်းဆိုမှုကို ထောက်ခံ လိုက်ပါတယ်။

စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားလေးဦးကို ကြိုးပေးကွက်မျက်တာဟာ လူတစ်ယောက်ရဲ့ အသက် ရှင်ခွင့်၊ လွတ်လပ်ခွင့်နဲ့ လုံခြုံရေးကို အရှက်မရှိချိုးဖောက်တာလို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုလန်းဟေဇာ က ဒီသီတင်းပတ်အတွင်း ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက နိုလန်းဟေဇာရဲ့ အခန်းကဏ္ဍ အအရေးပါမှုကိုလည်း ထောက်ပြခဲ့ပြီး ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး အာဆီယံ အထူးကိုယ်စားလှယ် ပရတ်ခ်ဆိုခွန်နဲ့ အနီးကပ် ပူးပေါင်းဆောင် ရွက်မှုကို အားပေးခဲ့ပါတယ်။

ကိုးကား – The Washington Post
Ref; Security Council condemns Myanmar executions of 4 activists