ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၈ ရက်

အမေရိကန်၊ တောင်ကိုရီးယားနိုင်ငံတွေနဲ့ စစ်ရေးပဋိပက္ခဖြစ်လာပါက သူ့အနေနဲ့ နျူကလီးယားလက် နက်တွေ အသုံးပြုဖို့ အသင့်ဖြစ်နေတဲ့အကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောကြားခဲ့တယ် လို့ နိုင်ငံပိုင်မီဒီယာတွေက ယနေ့ ဖော်ပြပါတယ်။

၁၉၅၀-၁၉၅၃ ခုနှစ် ကိုရီးယားစစ်ပွဲ ပြီးဆုံးတဲ့ ၆၉ နှစ်မြောက် နှစ်ပတ်လည်နေ့မှာ ကင်ဂျုံအန်ရဲ့ စစ်ပြန် တွေကို ပြောကြားတဲ့မိန့်ခွန်းက ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ဆက်စပ်တဲ့ စီးပွားရေးကျပ်တည်းမှုတွေကြောင့် ချွတ်ခြုံ ကျနေတဲ့ မြောက်ကိုရီးယားနိုင်ငံမှာ ပြည်တွင်းစည်းလုံးညီညွတ်မှု မြှင့်တင်ဖို့သာ ရည်ရွယ်ပါတယ်။

အမေရိကန်နဲ့တောင်ကိုရီးယားက မြောက်ကိုရီးယားရဲ့ ကျူးကျော်ဖို့ အစမ်းလေ့ကျင့်မှုတစ်ခုအဖြစ် ရှုမြင် ခံရတဲ့ နွေရာသီ စစ်ရေးလေ့ကျင့်မှုတွေ တိုးချဲ့ဖို့ပြင်ဆင်နေတာကို မြောက်ကိုရီးယားက ခြိမ်းခြောက်မှုတွေ တိုး မြှင့်လာပါတယ်။

“ကျွန်တော်တို့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့က ဘယ်လိုအကျပ်အတည်းမျိုးကိုမဆို တုံ့ပြန်နိုင်ဖို့ ပြင်ဆင်ထား ပါတယ်” လို့ ကင်ဂျုံအန်က မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ လုပ်ရိုးလုပ်စဉ် စစ်ရေးလေ့ကျင့်မှုတွေကို ရန်စမှုတွေ သို့မဟုတ် ခြိမ်းခြောက်မှုတွေ အဖြစ် အမေရိကန်က သတ်မှတ်တာကြောင့် အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုတွေက ဂိုဏ်းစ တားပုံစံတွေဖြစ်နေတယ်လို့ သူက ဆိုပါတယ်။

သူတို့အကြောက်ဆုံး လက်နက်တွေပိုင်ဆိုင်ထားတဲ့ မြောက်ကိုရီးယားနိုင်ငံကို စစ်ရေးအရ အရေးယူဖို့ ပြောလာမယ်ဆိုရင် သူတို့အတွက် အလွန်အန္တရာယ်ရှိတဲ့ အရေးယူမှုဖြစ်လာမယ်လို့ ကင်ဂျုံအန်က ပြောပါတယ်။

ဒီနှစ်အတွင်းမှာ ကင်ဂျုံကန်ဟာ ခေတ်မီ နျူကလီးယားလက်နက်တွေနဲ့ ပြိုင်ဘက်တွေကို ပိုပြီး ခြိမ်း ခြောက်လာခဲ့သလို ပြည်ပရဲ့ဖိအားပေးမှုကို ခုခံတွန်းလှန်ဖို့နဲ့ ပြည်တွင်းထောက်ခံမှု ပိုမိုရရှိဖို့ ကြိုးပမ်းမှုတစ်ခုသာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နယ်စပ်ဂိတ်တွေပိတ်ထားရမှု၊ အမေရိကန်ရဲ့ ဒဏ်ခတ်အရေးယူမှုတွေနဲ့ စီမံခန့်ခွဲမှုအလွဲအမှားတွေကြောင့် မြောက်ကိုရီးယားရဲ့ စီးပွားရေး ကျဆင်းနေစဉ် ကင်ဂျုံအန်က လူထုထောက်ခံမှု ရရှိဖို့ ကြိုးပမ်းနေပါတယ်။

ကိုးကား – The Telegraph
Ref; Kim Jong-un threatens to use nuclear weapons amid US-South Korean tensions