ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၈ ရက်
ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူလေးဦကို ကြိုးပေးကွက်မျက်မှုက မြန်မာနိုင်ငံရဲ့ ဦးနှောက်ခြောက်စရာ ပြဿနာတွေကို ပိုဆိုးရွားလာစေပြီး ငြိမ်းချမ်းရေးရရှိဖို့ ကြိုးပမ်းမှုအားလုံးကို ပိတ်ပင်တားဆီးစေမယ်လို့ ထိုင်းနိုင် ငံက ပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံက တက်ကြွလှုပ်ရှားသူလေးဦး အသက်ဆုံးရှုံးခဲ့ရတဲ့အတွက် စိတ်မကောင်းဖြစ်ရသလို အင် အားသုံးဖြေရှင်းမှု၊ ရက်စက်ကြမ်းကြုတ်မှုနဲ့ အကြမ်းဖက်မှုက နိုင်ငံရေး သဘောထားကွဲလွဲမှုတွေကို ဘယ်တော့မှ ဖြေရှင်းနိုင်မှာမဟုတ်ဖူးလို့ ပြန်ကြားရေးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိ သူ တာနီးဆန်ဂရတ်က ပြောပါတယ်။
နောက်ထပ် လူ့အသက်တွေ မဆုံးရှုံးရအောင် နိုင်ငံရေးအဖြေရှာဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအားလုံး ကို တောင်းဆိုပြီး မြန်မာပြည်သူတွေရဲ့ ငြိမ်းချမ်းစွာနေထိုင်ခွင့်ကို လေးစားသမှုရှိတယ်လို့ သူက ထုတ်ပြန်ချက် တစ်ခုအတွင်း ပြောပါတယ်။
အကျပ်အတည်း အဆုံးသတ်ဖို့ စစ်ကောင်စီကို ဖိအားပေးနိုင်မယ့် ပြင်းထန်တဲ့ အရေးယူမှုတွေလုပ်ဆောင် ဖို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ကုလသမဂ္ဂနဲ့ အာဆီယံအဖွဲ့ကို တိုက်တွန်းလိုက်ပါ တယ်။
အကျပ်အတည်းဖြေရှင်းဖို့နဲ့ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီ အရေးပေါ် ထောက်ပံ့မှု စ တင်နိုင်မယ့် လမ်းညွှန်မြေပုံတစ်ရပ် ရေးဆွဲရာမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ လက်တွဲဆောင်ရွက်ဖို့ SAC-M က အာဆီယံအဖွဲ့ကို ပန်ကြားလိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို တရားဝင် အသိအမှတ်ပြုဖို့ SAC-M က ကုလသမဂ္ဂ အဖွဲ့ဝင်နိုင် ငံတွေကို တောင်းဆိုလိုက်ပြီး နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ဆုံးဖြတ်ချက် တစ်ရပ် ချမှတ်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တိုက်တွန်းလိုက်ပါတယ်။
နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က အရေးမယူနိုင်ပါက ကုလသမဂ္ဂ အထွေထွေညီလာခံ သို့မဟုတ် လူ့အ ခွင့်အရေးကောင်စီက တရားစွဲဆိုရေးလုပ်ငန်းစဉ် စတင်ကာ မင်းအောင်လှိုင်နဲ့ အပေါင်းပါတစ်သိုက်ကို တရားစွဲဆို နိုင်ဖို့ အထူးခုံရုံးတစ်ရပ် တည်ထောင်သင့်တယ်လို့ SAC-M က ပြောပါတယ်။
ကိုးကား – Bernama
Ref; Execution of four activists aggravates vexing problems of Myanmar, says Thailand