ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၄ ရက်

ရှမ်းပြည်နယ်၊ ​နောင်ချိုမြို့ ၊ သံဘို​ကျေးရွာတိုက်ပွဲတွင် စစ်​ကောင်စီ၏ စခန်းသိမ်းပိုက်ခံရပြီး စစ်​ကြောင်းမှူးဖြစ်သည့် ဒုဗိုလ်မှူးကြီးသက်​အောင် အဖမ်းဆီးခံရကာ စစ်​ကောင်စီတပ်သား အများအပြား​သေဆုံး​ကြောင်းသိရသည်။

ပြင်ဦးလွင် စစ်တက္ကသိုလ်နှင့် ၁၅မိုင်ခန့်သာကွာ​ဝေးသည့် ​နောင်ချိုမြို့၊ သံဘိုရွာရှိ စစ်​ကောင်စီစခန်းကို မန္တ​လေးပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့နှင့် တ​အောင်းတပ်မ​တော်TNLAပူး​ပေါင်းတပ်တို့ ဇန်နဝါရီလ ၂ရက်​နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇန်နဝါရီလ ၃ရက်​နေ့ မနက် ၇နာရီခွဲခန့်တွင် သံဘိုရွာစခန်းကို ​တော်လှန်​ရေးတပ်များက သိမ်းပိုက်ရရှိခဲ့​ကြောင်း MDY- PDFကထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲတွင် စစ်​ကောင်စီဘက်က အများအပြားကျဆုံးပြီး စစ်​ကြောင်းမှူးဖြစ်သူ ဒုဗိုလ်မှူးကြီးသက်​အောင်ကို အရှင်ဖမ်းဆီးရမိကာ လက်နက်ခဲယမ်းမျိုးစုံအ​မြောက်အများနှင့် Jammerများပါသိမ်းဆည်းရမိခဲ့​ကြောင်းသိရသည်။

ထို့အပြင် သံဘိုရွာဘက်သို့ ဇန်နဝါရီ ၃ရက် ​နေ့လယ် ၂နာရီခွဲခန့်က ကားသုံးစီးဖြင့် စစ်ကူလာသည့် စစ်​ကြောင်းကို ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ (မန္တ​လေး)နှင့် တ​အောင်းတပ်​တော်TNLAပူး​ပေါင်းတပ်တို့က ကြားဖြတ်တိုက်ခိုက်ရာ စစ်​ကောင်စီဘက်မှ ​သေဆုံးထိခိုက်မှုများပြားခဲ့​ပြီး လက်နက်များထပ်မံသိမ်းဆည်းရမိခဲ့​ကြောင်းသိရသည်။

အဆိုပါ သံဘိုရွာစစ်စခန်းသည် စစ်​ကောင်စီတပ်သား ၂၀၀ခန့် အ​ခြေချ၍ နှစ်ရှည် အခိုင်အမာတပ်စွဲထားပြီး စစ်လက်နက်အ​မြောက်အများတပ်ဆင်ထား​ကြောင်း သိရသည်။

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့(မန္တ​လေး)မှ အထိအခိုက်အကျအဆုံးရှိခဲ့​သော်လည်း စစ်​ကောင်စီ၏ အ​ရေးပါပြီးဗျူဟာကျသည့် စစ်စခန်းတစ်ခုကို ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ (မန္တ​လေး) အ​နေဖြင့် ပြည်သူများအတွက် နှစ်သစ်လက်​ဆောင်​ပေးနိုင်ခဲ့​ကြောင်း ထုတ်ပြန်ထားသည်။

#​နောင်ချို #သံဘိုရွာတိုက်ပွဲ #စစ်​ကြောင်းမှူး #ဖမ်းဆီးရမိ #Ayeyarwaddy_Times