ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၄ ရက်

မြန်မာစစ်ကောင်စီနဲ့ မြောက်ပိုင်းနယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တရုတ်နိုင်ငံရဲ့ စေ့စပ်ဖျန်ဖြေဖို့ မကြာသေးမီက ကြိုးပမ်းမှုတွေဟာ ကိုယ်ကျိုးစီးပွားကြောင့်သာဖြစ်ပေမယ့် မြန်မာပဋိပက္ခအပေါ် သိသာထင်ရှားတဲ့ အကျိုးသက်ရောက်မှုတစ်ရပ် ဖြစ်စေဖွယ်မရှိဘူးလို့ ဒေသတွင်း ကျွမ်းကျင်သူတွေက ယုံကြည်ပါ တယ်။

ဒီဇင်ဘာလ ၂၀ ရက်က ကူမင်းမြို့မှာ မြန်မာစစ်တပ်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ တရုတ်နိုင်ငံရဲ့ ရည်မှန်းချက်တွေက တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားနေတဲ့ အွန်လိုင်းငွေလိမ် ဂိုဏ်း (ကျားဖြန့်) တွေကို အမြစ်ပြတ်ဖယ်ရှားဖို့နဲ့ တရုတ်-မြန်မာနယ်စပ်တစ်လျှောက် ကုန်သွယ်ရေး တည်ငြိမ်စေ ဖို့ ဖြစ်ပါတယ်။

“စီးပွားရေး အကျိုးစီးပွား သို့မဟုတ် နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်နေပါတယ်” လို့ Stimson Center ရဲ့ တရုတ်အစီအစဉ် ညွှန်ကြားရေးမှူး ယွန်ဆင်က အင်တာဗျူးတစ်ခုအတွင်း ပြောပါတယ်။

“ဆိုက်ဘာဂိုဏ်းတွေ ကို ဖြိုခွင်းမယ်ဆိုတာနဲ့နှိုင်းယှဉ်ရင် ဒါကာ အနည်းငယ်သာ ထည့်သွင်းစဉ်းစားရမယ့်ကိစ္စတစ်ခု ဖြစ်ပါတယ်။ ကျား ဖြန့်လုပ်ငန်းတွေကို ဖြိုခွင်းနိုင်လေ အပစ်အခတ်ရပ်စဲရေး မြန်မြန်ရရှိပြီး တည်ငြိမ်မှု မြန်မြန်ရလေဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

လက်နက်ကိုင်ပဋိပက္ခကြောင့် တရုတ်နဲ့မြန်မာကြား နှစ်နိုင်ငံကုန်သွယ်မှုကို နေ့စဉ် အမေရိကန်ဒေါ်လာ ၁၀ သန်းခန့် ဆုံးရှုံးမှုဖြစ်စေခဲ့တယ်လို့ မြန်မာ့နိုင်ငံရေး သုံးသပ်လေ့လာသူ ဉီးသန်းစိုးနိုင်က ပြောပါတယ်။ တရုတ် နိုင်ငံထက် မြန်မာနိုင်ငံအတွက် ထိခိုက်နစ်နာမှု ပိုဖြစ်စေတယ်လို့ သူက ဆိုပါတယ်။ “နယ်စပ်ဒေသမှာ ကုန်စည်စီး ဆင်းမှုက တရုတ်နိုင်ငံရဲ့ နိုင်ငံတကာ စီးပွားရေးဆက်ဆံမှုနဲ့နှိုင်းယှဉ်ရင် သိပ်မများပါဘူး။ မြန်မာနိုင်ငံက ပိုပြီး နစ် နာပါတယ်” လို့ သူက ပြောပါတယ်။

ပြဿနာတွေဖြေရှင်းရာမှာ ပြည်သူ့မူဝါဒနဲ့အညီ စေ့စပ်ညှိနှိုင်းမှု၊ တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် ဒေသ တွင်း တည်ငြိမ်မှုရရှိရေး လုပ်ဆောင်ဖို့ ဆွေးနွေးမှုနဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်အတွင်း တရုတ်နိုင်ငံက ပြောကြား ခဲ့ပါတယ်။

မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက စိတ်ရှည်သည်းခံမှု ကျင့်သုံးဖို့၊ မြေပြင်မှာ တင်းမာမှု အ ခြေအနေတွေ ဖြေလျှော့ဖို့၊ မြန်မာနိုင်ငံမြောက်ပိုင်းပြဿနာကို ညင်သာစွာ ဖြေရှင်းဖို့နဲ့ မြန်မာနိုင်ငံရှိ တရုတ်စီမံ ကိန်းတွေနဲ့ တရုတ်နိုင်ငံသားတွေရဲ့လုံခြုံရေးကို ကာကွယ်ပေးမယ့် လက်တွေ့ကျသော လုပ်ဆောင်ချက်တွေ လုပ် ဆောင်ဖို့ တရုတ်နိုင်ငံက မျှော်လင့်ပါကြောင်း ဒီဇင်ဘာလ ၂၈ ရက်က ထုတ်ပြန်တဲ့ တရားဝင် ထုတ်ပြန်ချက်တစ်ခု အတွင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ အဓိက စိုးရိမ်ပူပန်မှုက စစ်ကောင်စီနဲ့ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ကြား ပိုင်နက်နယ်မြေ ထိန်းချုပ်မှုပြဿနာကို ဖြေရှင်းပေးဖို့ မဟုတ်ဘဲ တရုတ်-မြန်မာနယ်စပ်တစ်လျောက် တည် ရှိနေတဲ့ ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းဖို့သာဖြစ်တယ်လို့ ယွန်ဆင်က ပြောပါတယ်။

တရုတ်နိုင်ငံအတွက်လည်း စိန်ခေါ်မှုတွေ ရှိနေပါတယ်။ စစ်ကောင်စီဆန့်ကျင်ရေး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) တွေဟာ အောက်တိုဘာလနှောင်းပိုင်းမှာ စတင်ခဲ့တဲ့ အရေးပါတဲ့ ထိုးစစ်ဆင်မှုတစ်ရပ် စတင်ခဲ့ရာ အရှိန်အဟုန်ရရှိခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သိသိသာသာ နယ်မြေတွေ သိမ်းယူနိုင်ခဲ့ပါတယ်။

စစ်ကောင်စီဟာ အခုဆိုရင် ခုခံစစ်အနေအထား ရောက်ရှိလာတာကြောင့် အပစ်အခတ်ရပ်စဲရေးကို ပိုပြီး ကြိုးပမ်းလာဖွယ်ရှိတယ်လို့ လေ့လာသူတွေက ယူဆပါတယ်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့က ထိုးစစ်ဆင်မှု ဆက် လက်ပြုလုပ်မှာဖြစ်တာကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းတစ်လျှောက် တိုက်ပွဲတွေ ပြင်းထန်လာဖွယ်ရှိတယ်လို့ ဉီးသန်းစိုးနိုင်က ခန့်မှန်းပါတယ်။

“မြန်မာနိုင်ငံမှာ စစ်ကောင်စီနဲ့ နွေဉီးတော်လှန်ရေးတပ်ဖွဲ့တွေကြား ဘယ်သူအနိုင်ရမလဲဆိုတဲ့ကိစ္စကို တ ရုတ်နိုင်ငံက စောင့်ကြည့်ပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ ဘယ်သူအာဏာရရှိလာပါစေ တရုတ်နိုင်ငံက အာဏာရသူနဲ့ ပူးပေါင်းဆောင်ရွက်ပြီး “ရပ်ဝန်းနဲ့ပိုးလမ်းမစီမံကိန်း” အပါအဝင် သူ့ရဲ့စီမံကိန်းတွေကို ဆက်လက်လုပ်ဆောင်ပါ လိမ့်မယ်” လို့ သူက ဆိုပါတယ်။

“ဉပမာတစ်ခုပေးရရင် တရုတ်နိုင်ငံဟာ ကျွဲနှစ်ကောင်ခတ်နေတာကို တောင်ပေါ်ကနေ စောင့်ကြည့်နေတဲ့ ကျားတစ်ကောင်လိုပါဘဲ။ ဘယ်သူ အနိုင်ရရှိသည်ဖြစ်စေ တရုတ်နိုင်ငံက ပူးပေါင်းမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ နိုင်ငံတကာ သံခင်းတမန်ခင်းအခြေအနေမှာ လက်ရှိ ကျင့်သုံးမှုအရ တရုတ်နိုင်ငံက ဘယ်သူ့ဘက်မှ ရပ်တည်မှာ မဟုတ်ပါဘူး။ တရုတ်နိုင်ငံက အာဏာရှိသူနဲ့ ပူးပေါင်းဆောင်ရွက်ပါလိမ့်မယ်။ အာဏာရှိသူ အပြောင်းအလဲရှိလာ ရင်တောင် တရုတ်နိုင်ငံက အာဏာရှိလာသူနဲ့ ပူးပေါင်းပါလိမ့်မယ်” လို့ သူက ပြောပါတယ်။

တရုတ်နိုင်ငံက မြန်မာ့အရေးမှာ ပြည်ပမှ ဝင်ရောက်စွက်ဖက်တာကို အလိုမရှိဘူးလို့လည်း ဉီးသန်းစိုးနိုင် က ထောက်ပြပါတယ်။ “မြန်မာ့အရေးမှာ အနောက်နိုင်ငံတပ်ဖွဲ့တွေရဲ့ စွက်ဖက်မှုတွေကို တရုတ်နိုင်ငံက နည်း လမ်းအမျိုးမျိုးနဲ့ ဆက်လက်ဟန့်တားလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ သူက ဆိုပါတယ်။

ကိုးကား – VOA
Ref; Internal Conflict in Myanmar Proves to Be a Challenge for China

#Ayeyarwaddy_Times