ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃ ရက်

တိုကျိုမြို့တော်ရှိ ဟာနဲဒါလေဆိပ်မှာ Japan Airlines မှ ခရီးသည်တင်လေယာဉ်တစ်စင်းနဲ့ ဂျပန် ကမ်း ခြေစောင့်တပ်ဖွဲ့ပိုင် လေယာဉ်တစ်စင်း ခေါင်းချင်းဆိုင်တိုက်မိတာကြောင့် တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ သိရ ပါတယ်။

ခရီးသည်တင်လေယာဉ်မှာ ဂျပန်နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်းရှိ နယူးချီတိုဆေးလေဆိပ်မှ ပျံသန်း လာတဲ့ လေယာဉ်အမှတ်စဉ် ၅၁၆ ဖြစ်တယ်လို့ Japan Airlines က ပြောပါတယ်။

Japan Airlines ပိုင် ခရီးသည်တင်လေယာဉ်ဟာ အင်္ဂါနေ့ ညနေ ၆ နာရီဝန်းကျင်မှာ လေဆိပ်၌ ဆင်း သက်ပြီးနောက် ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ပိုင်လေယာဉ်နဲ့ ခေါင်းချင်းဆိုင်တိုက်မိခဲ့တယ်လို့ ဂျပန် ကမ်းခြေစောင့် တပ်ဖွဲ့က ပြောပါတယ်။

လေယာဉ်ပေါ်မှာ လူ ၆ ဦး တင်ဆောင်ခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့တဲ့ လေယာဉ်မှူးမှလွဲ၍ အားလုံး သေဆုံးခဲ့တယ်လို့ ဂျပန် ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။

Japan Airlines ပိုင် ခရီးသည်တင်လေယာဉ် မီးတောက်လောင်ကျွမ်းခဲ့ပြီး မီးသတ်ယာဉ် ၁၀၀ စင်းကျော် နဲ့ ငြိှမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

Japan Airlines ပိုင် ခရီးသည်တင်လေယာဉ်ပေါ်မှာ ကလေးငယ် ၈ ဦး အပါအဝင် လူ ၃၇၉ ဦး တင် ဆောင်ခဲ့ပြီး ခရီးသည်အားလုံးကို လေယာဉ်ပေါ်မှ ဘေးလွတ်ရာရွှေ့ပြောင်းနိုင်ခဲ့တယ်လို့ လေကြောင်းလိုင်းက ပြောပါတယ်။

Japan Airlines ပိုင် ခရီးသည်တင်လေယာဉ်ပေါ်ရှိ ခရီးသည် ၁၇ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ မီး သတ်သမားတွေက ပြောပါတယ်။

ဂျပန်ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်ရှိ မြေငလျင်ဘေးသင့် နီဂါတာစီရင်စုသို့ ကယ်ဆယ်ရေးပစ္စည်း တွေ ပို့ဆောင်ဖို့လုပ်ဆောင်ချိန်မှာ အခုလိုဖြစ်ရတာလို့ ဂျပန် ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။

ကိုးကား – NHK
Ref; Five coast guard crewmembers dead in Haneda Airport collision

#Ayeyarwaddy_Times