ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃ ရက်

ယူကရိန်းနိုင်ငံရဲ့ စနေနေ့က ဘယ်လ်ဂိုရော့မြို့အပေါ် တိုက်ခိုက်မှုဟာ အပြစ်မပေးလို့မရဘူးလို့ ရုရှား သမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့ပြီး နောက်တစ်ရက်မှာ ကိယက်ဗ်မြို့နဲ့ ကာကိဗ်ဒေသမှာ ရုရှားရဲ့ လေ ကြောင်းတိုက်ခိုက်မှုတွေကြောင့် လူနှစ်ဦး သေဆုံးခဲ့ပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

“ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူနှစ်ဉီး သေဆုံးခဲ့ပြီး ၂၇ ဦးကို ဆေးရုံတင်ခဲ့ရပါတယ်” လို့ ကိယက်ဗ်မြို့တော်ဝန် ဗီတာလီကလစ်ချကိုက တယ်လီဂရမ်မှာ ရေးသားခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် နေရာအများအပြားမှာ မီးလောင်ကျွမ်းမှုတွေ ဖြစ်ပွားခဲ့တယ်လို့ အစော ပိုင်း ထုတ်ပြန်ချက်တစ်ခုအတွင်း သူက ပြောပါတယ်။

ခရိုင်အများအပြားမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ယူကရိန်း ပုဂ္ဂလိက ဓာတ်အားပေးလုပ်ငန်း DTEK က သတင်းထုတ်ပြန်ပါတယ်။

“လုံခြုံရေးအခြေအနေ တည်ငြိမ်လာရင် လျှပ်စစ်ဓာတ်အား ပြန်ရဖို့ သေချာပေါက် လုပ်ဆောင်မှာဖြစ်ပါ တယ်” လို့ DTEK က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ကာကိဗ်မြို့တော်မှာ ရုရှားရဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေကြောင့် လူတစ်ဉီး သေဆုံးကာ ၄၁ ဦး ဒဏ်ရာရရှိခဲ့ တယ်လို့ ကာကိဗ်မြို့တော်ဝန် အိုလက်ဆိုင်နီဟူဘော့ဗ်က တယ်လီဂရမ်မှာ ရေးသားခဲ့ပါတယ်။

ခရစ်နိုဒါနဲ့ ရုရှားက ၂၀၁၄ ခုနှစ်အတွင်း သိမ်းပိုက်ခဲ့တဲ့ ခရိုင်းမီးယားဒေသကနေ ယူကရိန်းနိုင်ငံအပေါ် ပစ်လွှတ်ခဲ့တဲ့ မောင်းသူမဲ့လေယာဉ် ၃၅ စင်းကို ပစ်ချခဲ့တယ်လို့ ယူကရိန်းလေတပ်ဖွဲ့က ပြောပါတယ်။

လူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ယူကရိန်းရဲ့ ဘယ်လ်ဂိုရော့မြို့အပေါ် တိုက်ခိုက်မှုဟာ ခွင့်လွှတ်နိုင်စ ရာမရှိတဲ့ ရာဇဝဝတ်မှုတစ်ခုဖြစ်တယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောပါတယ်။

ကိုးကား – Anadolu
Ref; At least 2 killed, 60 injured in Ukraine’s capital, Kharkiv in Russian airstrikes

#Ayeyarwaddy_Times