မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၃ ရက်

ကချင်ပြည်နယ်၊ နာဖော့စစ်စခန်းသို့ စစ်ကူနှင့်ရိက္ခာ လာပို့သည့် စစ်ကောင်စီ၏ MI -17 ရဟတ်ယာဉ်ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ပစ်ချခဲ့ရာ ရဟတ်ယာဉ် ပေါ်ပါလာသည့် အရာရှိအပါအ၀င် ငါး ဦးထက် မနည်းသေဆုံးခဲ့ကြောင်း သိရသည်။

ရဟတ်ယာဉ်ပျက်ကျမှုဖြစ်စဉ်တွင် DSA အပတ်စဉ် ၄၅ ဆင်း ဗိုလ်မှူး ဇော်မျိုးသန့်ကို အရှင်ဖမ်း ဆီးရမိခဲ့ပြီး အဆိုပါ လေယာဉ်မှူးသည် လေထီးဖြင့်ခုန်ချစဉ် မြေပြင်နှင့်နီးကပ်မှ ခုန်ဆင်းသဖြင့် လေထီးမပွင့်ဘဲ ဒဏ်ရာများရရှိကာ ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

“အရာရှိတွေအပါအ၀င် ခြောက် ယောက်ရဲ့ အလောင်းကို အရင်တွေ့တော့ စာရင်းအတိ အကျမသိရသေးဘူး” ကချင်စစ်ရေးသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

နမ့်ဆန်ယာန်အရှေ့မြောက်ဘက် ဆောင်လန်တောင်သို့ ပျက်ကျသွားသည် ရဟတ် ယာဉ်သည် မြစ်ကြီးနား မှတစ်ဆင့် နာဖော့တောင်စခန်းသို့ စစ်ကူနှင့် ရိက္ခာသွားပို့သည့် ရဟတ်ယာဉ်ဖြစ်ပြီး KIA မှ ကြားဖြတ် ပစ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် KIA မှ ရဟတ်ယာဉ်မှူးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး အဆိုပါရ ဟတ်ယာဉ် ပျက်ကျသည့်နေရာသို့ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် လေးကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အရှင်ဖမ်းဆီးရမိမှုနှင့် သေဆုံးစာရင်းအတိအကျကို KIA သီးခြားထုတ်ပြန်ထားခြင်း မရှိသေးပေ။

ပုံစာ-ပစ်ချခံရသည့် MI-17 ရဟတ်ယာဉ်
#ပစ်ချခံရသည့်MI17ရဟတ်ယာဉ် #အရာရှိများအပါအ၀င် #၅ဦးထက်မနည်းသေဆုံး #တစ်ဦးကိုအရှင်ဖမ်းမိ #Ayeyarwaddy_Times