ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၈ ရက်
ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ ဇူလိုင်လ ၂၈ ရက်နေ့က အနက်ရောင်နဂါးကွန်မန်ဒိုတပ်ဖွဲ့(Black Dragon Commando) တပ်ဖွဲ့အနေနဲ့ ပထမဆုံး စစ်ဆင်ရေးစတင်ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ပထမဆုံး စစ်ဆင်ရေးမှာ ဖျာပုံ-ကျိုက်လတ် လမ်းပေါ်က ချောင်းတွင်တံတားအဆင်းရှိ စစ်ဆေးရေးဂိတ်ကို မိုင်းခွဲတိုက်ခိုက်ခဲ့သလို စစ်ကောင်စီလက်ပါးစေတွေနေထိုင်တဲ့ ထွေအုပ်ရုံးက ရွှေရတုဧည့်ရိပ်သာကို မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တံတားအဆင်းက စစ်ဆေးရေးဂိတ်ကို မနက် ၁၀ နာခွဲလောက်က မိုင်းခွဲချိန်မှာ ရဲဘက်က ဗိုလ်အဆင့်တဦး ပြင်းထန်ဒဏ်ရာရခဲ့သလို ဧည့်ရိပ်သာနားမှာခွဲတဲ့မိုင်းကို စစ်ဆေးပြီးပြန်လာတဲ့ ရဲကားကိုထပ်မိုင်းခွဲချိန်မှာ ၄ ဦး ထပ်မံဒဏ်ရာရရှိခဲ့ပြီး အဲ့အထဲက ၂ ဦးက ဒဏ်ရာပြင်းထန်ရသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။
သွေးကြွေးတောင်းတဲ့အနေနဲ့ မိုင်းစစ်ဆင်ရေး အမှတ် ၁ ကို စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီအဖွဲ့ဝင် ဗိုလ် ၁ ဦးနဲ့ ရဲ ၃ ဦးထိခိုက်ဒဏ်ရာရတာတွေကို အတည်ကျမသိရသေးဘူးလို့ ဆိုပါတယ်။
ဒါ့ပြင် မိုင်းခွဲတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်သားတွေက စစ်ဆေးတာတွေပိုမိုလုပ်ပြီး ဖမ်းဆီးတာတွေ ရှိလာနိုင်လို့ ပြည်သူတွေအနေနဲ့ အထူးဂရုပြုဖို့အတွက်လည်း မေတ္တာရပ်ခံထားပါတယ်။