ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၈ ရက်
ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ် ၇ ရပ်ကွက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဒီကနေ့နေ့လည် ၁၂ နာရီဝန်းကျင်မှာ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ပစ်သတ်ခံရသူဟာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး သန်းဝင်း (ခ) ဘောဘီဆိုသူဖြစ်ပြီး ၄၂ လမ်းထိပ် ဘိုကလေးစျေးအရှေ့မှာ အမည်မသိလူတစုက သေနတ်နဲ့ ၃ ချက်ပစ်ခတ်လို့ သေဆုံးခဲ့တာလို့ဆိုပါတယ်။
အဲဲဲ့ဒီ အုပ်ချုပ်ရေးမှူးဟာ ဗိုလ်တထောင်မြို့နယ်၊၄၄ လမ်း တိုက်ခန်းတခုက ရန်ကုန်UG အဖွဲ့တခုကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းမှုမှာ အဓိကသတင်းပေးခဲ့သူလို့ တော်လှန်ရေးအင်အားစုတွေဆီကသိရပါတယ်။
အဲ့ဒီဖြစ်စဥ်ကြောင့် လူငယ်အမျိုးသမီးအပါအဝင် ၅ ဦး တိုက်ပေါ်ကနေခုန်ချကျဆုံးခဲ့ရပြီး ၂ ဦးဖမ်းဆီးခံခဲ့ရပါတယ်။
ဒီပစ်ခတ်ရှင်းလင်းမှုကို ရန်ကုန်မြို့ပြပြောက်ကျား Inya Urban Force နဲ့ပူးပေါင်းပြောက်ကျားအဖွဲ့တွေက လုပ်ဆောင်ခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်က သူပစ်သတ်ခံခဲ့ရတဲ့ ဘိုကလေးစျေးအနီးတဝိုက်က ဒေသခံတွေကို ခြိမ်းခြောက်စစ် ဆေးမှုတွေပြုလုပ်နေပြီး လမ်းတချို့ကိုလည်းပိတ်ဆို့ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။